ရန်ကုန်၊ ဧပြီ ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇင်ကြီးကုန်းပေါ်သို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးကာ နေအိမ်များမီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၁ ရက် ညပိုင်း စစ်တပ်က ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇင်ကြီးကုန်းပေါ်သို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ထို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဇင်ကြီးကုန်းပေါ်နေ အသက် ၅၀နှစ်အရွယ် နေရာမှာတင် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးကာ၊ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁လုံး ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
” စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဇင်ကြီးကုန်းပေါ်နေ အသက် ၅၀နှစ်အရွယ် အမျိုးသမီး ၁ဦးက ပွဲချင်းပြီးသေဆုံးတယ်။ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၁ လုံးပျက်စီးသွားတယ်။ စစ်ခွေးတွေ ဗုံး ၄ လုံးနဲ့ ကျဲသွားတာပါ။နွားတွေ ဆိတ်တွေကော အများကြီးသေသွားတယ်။ နေအိမ် ၁လုံး မီး လောင် ပျက်စီးသွားတယ်။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ဧပြီလ ၁၆ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကွီးဂဏန်း။






