35 C
Yangon

ရေးမြို့နယ် ခမရ ၅၈၃ တပ်ရင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိဟုဆို၊ တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာနေ၍ လမ်းတချို့ အသုံးမပြုရန်နှင့် ဘေးလွတ်ရာ ပြောင်းရန် သတိပေး

Must read

ရန်ကုန်၊ ဧပြီ ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ ၅၈၃ တပ်ရင်း ၏ကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ၅၈၃ တပ်ရင်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

“ကျွန်တော်တို့ ဒီနေ့ နံနက် ၈ နာရီလောက်မှာ ဝင်ရောက် ပစ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေဆဲပါ။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ စစ်ခွေးတွေဘက်ကတော့ လက်နက်ကြီးပစ်ခက်မှုတော့ရှိနေတယ်။ ရေးမြို့နယ်ကျောင်းရွာအခြေစိုက် ၅၈၃ တပ်ရင်းမှာ စစ်ခွေး အင်အားက ၁၀၀ ကျော်လောက်ရှိမယ်” ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေးဘီလူးတပ်ရင်းမှ ရဲဘော်များ လုပ်ဆောင်ခဲ့ဖြစ်ပြီး တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားမှုကြောင့် စစ်ရေးအခြေအနေ ပြင်းထန်စွာ တင်းမာနေပြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း People’s Defense Force- မြိတ်ခရိုင်တပ်ရင်း၂ -P2 3402 က ယနေ့ သတိပေးချက်ထုတ်ပြန်သည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်၊ တနင်္သာရီမြို့ရှိ ဘောဓိကမ်း – ညောင်ပင်ကွင်း ကျေးရွာလမ်းပိုင်းတစ်လျှောက်ဖြစ်သော ဘန်လော၊ ၅ မိုင်၊ ၆ မိုင် နှင့် ထုံတော်ကျေးရွာများတွင် စစ်ကောင်စီတပ်များက အင်အားသုံး၍ တပ်ဖြန့်နေရာယူထားကြောင်း သိရသည်။

ထိုသို့ စစ်ရေးပြင်ဆင်မှုများကြောင့် အဆိုပါ ဒေသတစ်လျှောက်တွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့်အပြင် စစ်ကောင်စီဘက်မှ ဒရုန်းများ၊ လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်လာနိုင်သည့် အန္တရာယ်များလည်း ရှိနေသည်။

စစ်ရေးတင်းမာမှုများကြောင့် ဒေသခံပြည်သူများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် အထူးသတိပေး နှိုးဆော်ထားပြီး ဘောဓိကမ်း-ညောင်ပင်ကွင်း လမ်းပိုင်းကို လုံးဝ (လုံးဝ) အသုံးမပြုကြရန်၊ တိုက်ပွဲများ အချိန်မရွေး ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သဖြင့် လမ်းပိုင်းတစ်လျှောက်ရှိ ပြည်သူများအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဘေးလွတ်ရာသို့ အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article