30 C
Yangon

စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို လုံးဝအယုံအကြည်မရှိဘဲ စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချိရေး နည်းလမ်းများကို တော်လှန်ရေးအဖွဲ့အစည်းများက သတိထားကြရန် DMO Local PDF တိုက်တွန်း

Must read

ရန်ကုန်၊ မေ ၆

အကြမ်းဖက် စစ်ကောင်စီနှင့်တွေ့ဆုံညှိနှိုင်းခြင်းကို လုံးဝအယုံအကြည်မရှိဘဲ စစ်ကောင်စီ၏ ကောက် ကျစ်သည့် နည်းလမ်းများ၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချိရေးနည်းလမ်းများကို တော်လှန်ရေး အဖွဲ့အစည်းများက သတိထားကြရန် DMO Local PDF က တိုက်တွန်းလိုက်သည်။

ယနေ့ မေလ ၆ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO Local PDF) တပ်တည်ထောင်ခြင်း ၅ နှစ်ပြည့် နှင့် အခမ်းအနား သတင်းထုတ်ပြန်ရာတွင် အထက်ပါ အ တိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်၏ စစ်အုပ်စုနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို မိမိတို့အနေဖြင့် လုံးဝအယုံအကြည်မရှိပါ ကြောင်း၊ စစ်အုပ်စုသည် ကောက်ကွေ့ကောက်ကျစ်သည့် နည်းလမ်းများ၊ စိတ်ဓာတ်စစ်ဆင်ရေး နှင့် ဝါဒဖြန့်ချီရေးနည်းလမ်းများ ပိုမိုအသုံးပြုလာမည်ကို တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် သတိ ထားရန်နှင့် ပြင်ဆင်ထားရန် လိုအပ်ကြောင်း DMO Local PDF က တိုက်တွန်းထားခြင်းဖြစ်သည်။

ထို့ပြင်ဆင်းရဲဒုက္ခအပေါင်းကို ခါးစည်းခံနေရသည့် ပြည်သူလူထုကို စစ်စစ်မှန်မှန်ကာကွယ် သွား မည်ဖြစ်ပြီး လူထုအသံနှင့် လူထုဆန္ဒကို အပြည့်အဝနားထောင်ကာ လူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တော်လှန်ရေး၏ အရေးကြီးသည့် ကာလဖြစ်တာနှင့်အညီ ဘဝတူအဖွဲ့အစည်းများ ညီညွတ်နိုင်ရေး နှင့် အတူတကွ စုပေါင်းခေါင်း ဆောင်နိုင်ရေးကို DMO အနေဖြင့် အတူတကွ လက်တွဲဖော်ဆောင် နိုင်ရေး ကြိုးစားသွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

DMO Local PDF အနေဖြင့် တော်လှန်ရေးခရီးကြမ်းကို ဆက်လက်လျှောက်လှမ်းရာတွင် စစ်အနိုင် တိုက်ရေး ၊ ပြည်သူလူထုကာကွယ်ရေးနှင့် အဖိနှိပ်ခံလူမျိုးပေါင်းစုံလွတ်မြောက်ရေး ၊ တော်လှန်ရေး အဖွဲ့အစည်းများညီညွတ်ရေး နှင့် အာဏာရှင်ဟူသမျှ အကုန်အစင် ပပျောက်ရေး ဟူသည့် မူဝါဒ ၄ ချက်ကို ချမှတ်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

ထို့ပြင် DMO Local PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ လမ်း ညွှန်မှုဖြင့် ဆောင်ရွက်လျှက်ရှိသည့်အပြင် နွေဦးတော်လှန်ရေးအတွင်း ဖက်ဒရယ်ဒီမိုကရေစီရေး တိုက်ပွဲနှင့်အတူ မွေးဖွားလာခဲ့သည့် လူထုအဖွဲ့အစည်းဖြစ်ကြောင်း၊ စတင်တည်ထောင်ချိန်မှ အခုထိ စစ်ရေးဆိုင်ရာ စိန်ခေါ်ချက်များစွာ၊ နိုင်ငံရေးဆိုင်ရာ ဖိအားများစွာ ကြုံတွေ့ခဲ့ရသော်လည်း တရားမျှ တမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတာဝန်ခံမှု၊ တန်းတူညီမျှမှုတို့ကို အယိုယွင်းမခံဘဲ အာဏာရှင် စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article