ရန်ကုန်၊ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ ငဖျက်နှင့် ပန်းဆိုင်း ရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်အား ခုခံတိုက်ခိုက်ပြီး ပြန်လာသည့် MDF -Special Force နှင့် ဒေသခံ ပကဖ တပ်ဖွဲ့ ဝင်များကို ပြည်သူများက အောင် သပြေပန်းများဖြင့် ကြိုဆိုကြကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် အင်အား ၇၀ ခန့်ဖြင့် ကနီမြို့နယ် ငဖျက်နှင့် ပန်းဆိုင်းရွာကို ဝင်ရောက် မီးရှို့ချိန်၌ MDF -Special Force နှင့် ဒေသခံ ပကဖ တပ်ဖွဲ့ များမှ ခုခံ တိုက်ထုတ်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၁ နာရီခ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ကာ MDF- Special Force မှ စနိုက်ပါ၊ 40mm၊ ရှော့တိုက် Rocket များဖြင့် ပစ်ခတ်ခဲ့ပြီး စစ်သား ၅ ဦးခန့်ကို MDF – Special Force တပ်ဖွဲ့၏ စနိုက်ပါ သမားများ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို MDF- Special Force၊ MDF – အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ကနီမြို့နယ် ပကဖတပ်ဖွဲ့ များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။