25.8 C
Yangon

ကနီမြို့နယ်တွင် ထောက်ပို့စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ထောက်ပို့စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Fighter Brotherhood Guerrilla Army (FBGA) ကထုတ်ပြန်သည်။

ဇွန်လ ၄ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ကနီမြို့နယ် ၊ ချောင်းမအနောက်ရွာတွင် အထိုင်ချတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများထံသို့ ရိက္ခာပို့ရန် ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူရွာမှ ထွက် လာသော ထောက်ပို့ ခြေလျင်စစ် ကြောင်းနှင့် လှည်းယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များက လမ် းခုလတ် တနေရာ၌ ရှေ့ထွက် မိုင်းများ၊ စလစ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ Fighter Brotherhood Guerrilla Army (FBGA) ၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇ ၊ ဝင်္ကပါ ပြောက်ကျားတပ်ဖွဲ့ နှင့် ကိုဗျူဟာ (Local PDF) ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ကလည်း ကနီမြို့နယ် မင်းမရွာမှ တောင်အရပ်သို့ ထွက်ခွာလာသော လှည်း ၁၅ စီး၊ ထော်လာဂျီ ၂ စီး၊ ဆိုင်ကယ်အများအပြားပါစစ်ကြောင်းကို တရော် ကျင်းကျေးရွာသို့ မရောက်မီ လမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိ ခိုက်သေဆုံးမှုရှိပြီး သေဆုံးဒဏ်ရာရ စစ်သားများကိုသယ်ဆောင်ကာ တရော်ကျင်းကျေးရွာမှတဆင့် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာထဲသို့ ဆက်လက်ဝင်ရောက်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Fighter Brotherhood Guerilla Army -FBGA ၊ ဝင်္ကပါပြောက်ကျား တပ်ဖွဲ့ နှင့် ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ၄၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လတ်‌တလောစစ်ရေးအခြေနေအရ ချောင်းမအနောက်ရွာနှင့် ဘန့်ဘွေးပျူရွာကြားလမ်းပိုင်းတွင် အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းများ ကူးသန်းသွားလာမှု မကြာခဏ ပြုလုပ်‌နေသောကြောင့် ချောင်းမ အနောက်ရွာနှင့် ဘန့်ဘွေးပျူရွာကြား လမ်းပိုင်းအနီးတဝိုက်တွင် နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိရှိစွာဖြင့် သွားလာနေထိုင်ကြ ရန်နှင့် သက်ဆိုင်ရာကာကွယ်ရေး အဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article