26.2 C
Yangon

မြန်မာနိုင်ငံအတွက် 2026 World Cup ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ကို စစ်တပ် ပိုင် Mytel ကုမ္ပဏီထံသို့ ဖီဖာ (FIFA) က ချထားပေး

Must read

ရန်ကုန်၊ ဇွန် ၁၀

မြန်မာနိုင်ငံအတွက် 2026 World Cup ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ကို မြန်မာစစ် တပ်ပိုင် Mytel ကုမ္ပဏီထံသို့ ဖီဖာ (FIFA) က ချထားပေးလိုက်ကြောင်း ဖီဖာက သတင်းထုတ်ပြန် သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဇွန်လ ၃ ရက်နေ့ နောက်ဆုံးပြင်ဆင်ထားသော သတင်းမီဒီယာမိတ်ဖက်များစာရင်း (Media Partner Overview) ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘော လုံးပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၌ တရားဝင်ရုပ်သံပြသခွင့် ချထားပေးခဲ့ရာတွင် Mytel ကုမ္ပဏီက မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရုပ်သံထုတ်လွှင့်ခွင့် ရရှိသွားခြင်းဖြစ်သည်။

ဖီဖာ (FIFA) ၏ ထုတ်ပြန်ချက်အရ ၎င်းရုပ်သံမူပိုင်ခွင့်ကို မြန်မာနိုင်ငံအတွက် မြန်မာစစ်တပ်ပိုင်မိုင်တဲလ် (Mytel) ကုမ္ပဏီထံသို့ ချထားပေးခဲ့ရာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများအားလုံးကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်းရုပ်သံထုတ်လွှင့်ခွင့်မူပိုင်အဖြစ် Mytel ကုမ္ပဏီ ရရှိထားခြင်းလည်းဖြစ်သည်။

အရှေ့တောင်အာရှဒေသအတွင်း ကမ္ဘာ့ဖလားပြသခွင့် တရားဝင်ရရှိထားသည့် ရုပ်သံလိုင်းများနှင့် ကုမ္ပဏီများစာရင်းမှာ မြန်မာနိုင်ငံ အတွက် Mytel၊ ကမ္ဘောဒီးယားနိုင်ငံအတွက် Hang Meas Video၊ အင်ဒိုနီးရှားနိုင်ငံတွင် TVRI Indonesia၊ ဖိလစ်ပိုင်နိုင်ငံတွင် Aleph Group၊ စင်ကာပူနိုင်ငံတွင် Mediacorp၊ တီမောလက်စ်တေနိုင်ငံတွင် ETO – TELCO၊ ဗီယက်နမ်နိုင်ငံတွင် VTV – Vietnam Television၊ မလေးရှားနိုင်ငံတွင် Total Sports၊ လာအိုနိုင်ငံတွင် Unitel Laos ၊ဘရူနိုင်းနိုင်ငံတွင် Radio Television Brunei တို့ကို ရရှိထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဖလား ရုပ်သံထုတ်လွှင့်ခွင့်ရရှိထားသော Mytel (မိုင်တဲလ်) သည် ဗီယက် နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel နှင့် မြန်မာစစ်တပ်တို့ ဖက်စပ်လုပ်ကိုင်နေသည့် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းတစ်ခုဖြစ်သည်။

Mytel ကို ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ၎င်း၏ စီးပွားရေးလုပ် ငန်းပုံစံများကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကို ခံထားရသော ကုမ္ပဏီလည်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article