26.4 C
Yangon

မိုးဗြဲမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ပြန်လည်ဆုတ်ခွာသွား၊ ကော့ကရိတ်တိုက်ပွဲတွင်လည်း စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၅

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့် သေဆုံးပြီး အထိနာကာ တပ်ပြန်ဆုတ်သွားကြောင်း ကရင်နီတော်လှန် ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်း မိုးဗြဲမြို့တွင်းမှ အနောက်ဘက်သို့ ထွက်လာသော စစ်တပ်စစ်ကြောင်း ကို လွယ်ယင်းကျေးရွာအရောက် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး သေဆုံးရုပ်အလောင်းများနှင့်အတူ လက်နက်ခဲ ယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများမှာ အထိနာပြီး မိုးဗြဲမြို့တွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“အဓိကသေတာ စစ်မှုထမ်းတွေနဲ့ PNO တွေသေတာများတယ်၊ သွေးတိုးစမ်းတဲ့သဘောမျိုး စစ် ကြောင်းထွက်လာတာ၊ သေဆုံးတဲ့အလောင်းတွေရော ရတယ်။ တိုက်ပွဲကတော့နေ့စဉ်နေ့တိုင်းနီး ပါးရှိပါတယ်။ တိုက်ပွဲတိုင်းမှာလည်း စခတွေသေတာရှိတယ်၊ သေတဲ့စခအလောင်းတွေဆိုရင် မိုးဗြဲ ရေကာတာအောက်ဖက် အလောင်းတွေခဏခဏတွေ့ရတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

အထိနာသော စစ်ကောင်စီတပ်က မြို့ပြင်တဝိုက်နေရာများကို လက်နက်ကြီးများ၊ ဒရုန်းဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုရှိနေပြီး အနီးအနားရှိကျေးရွာနေပြည်သူများမှာလည်း ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အဖွဲ့များသည် ပင်လောင်းမြို့နယ်ဘက်မှ နေ၍ ဖယ် ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေမှုများရှိကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအနီးရှိ ဂိတ်စောင့် စစ်သားများကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်း ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအနီးရှိ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသော လက်နက် ၃ လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကော့ဘိန်းရွာ ဖြစ်စဉ်မှာက ၅ ယောက်သေပြီး ၇ ယောက် အပြင်းအထန် ဒဏ်ရာရတာ၊ ကျန်တဲ့သူ တွေအကုန်ထွက်ပြေးတာ၊ ဘယ်အဖွဲ့က ဝင်ပစ်တာလည်းတော့ မသိရသေးဘူး။ ဒီနေ့မနက် တော့ ဂျက်ဖိုက်တာနဲ့လာပြီး ဗုံးကျဲသွားတယ်။ အဲဒီဘက်မှာ စစ်ရေးတင်းမာနေတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်အပြန်အလှန် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုရှိပြီး ကျုံးဒိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article