26.4 C
Yangon

မြောင်မြို့နယ်နှင့် ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်းအတွင်းရှိ မြောင်မြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းနှင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး အခြားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ အကြမ်းဖက်စစ်တပ်၏ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နမခ) မှ တက်လာသော အသေခံဒရုန်း ၁ စီးဖြင့် မြောင်မြို့နယ်၊ ဘုန်းခေါင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကံကောင်းထောက်မစွာဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်းနှင့် နေအိမ်ပျက်စီးခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

မြောင်မြို့ သတင်းမှန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ခွေးတွေက တိုက်ပွဲဖြစ် ပွား ခြင်းမရှိဘဲ အသေခံဒရုန်း ၁စီးဖြင့်တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မျိုးနှင့် နေအိမ်ပျက်စီးတာမျိုး မရှိပါဘူး။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေ ကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ပြောပါတယ်” ဟု ပြောဆိုသည်။

အလားတူ ဇွန်လ ၁၂ ရက်နေ့တွင်လည်း စစ်တပ်က ဘုတလင်မြို့နယ်အတွင်းရှိ နေရာတစ်ခုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ အင်တိုက်အားတိုက် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် မိတ္ထီလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ တိုက် လေယာဉ် ၂ စီးနှင့် တံတားဦးလေတပ်မှ တက်လာသည့် Y12 လေယာဉ် ၁ စီးတို့ဖြင့် ဗုံးအလုံးရေ ၅၀ ဝန်းကျင်ခန့် ကျဲချခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂၃ နှစ်ဝန်းကျင်အရွယ် အမျိုးသား ၁ ဦး ဗုံးစထိမှန် သေဆုံးခဲ့ရပြီး၊ အခြားဒေသခံအမျိုးသား ၃ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

“စစ်ခွေးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရတာ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ ပြည်သူ ၁ဦးသေဆုံးပါတယ်။ သေဆုံးသွားတဲ့ ပြည်သူ ၁ ဦးကတော့ အသက်အရွယ်ကတော့ ၂၃ ဝန်းကျင်လောက်ရှိပါတယ်။ စစ်ခွေးတွေကတော့ ဗုံး ၅၀ ဝန်းကျင်ခန့်ဖြင့် ဗုံးကျဲတိုက်ခိုက်သွားတာပါ” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

မတ်လ ၃၀ ရက်နေ့ကလည်း ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လူထုအပေါ် လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ယခုအကြိမ်သာမကဘဲ ပြီးခဲ့သည့် တိုက် လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကျဲခဲ့သဖြင့် ငပယင်းကျေးရွာ ဆေးပေးခန်း ထိမှန်ကာ ဆေးလာကုသူ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာခဲ့သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှု​ကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article