ရန်ကုန်၊ ဇွန် ၁၉
ရန်ကုန်မြို့ပေါ်တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ၈၁ နှစ်ပြည့် နှင်းဆီလှုပ်ရှားမှုကို Yangon 4 Brothers ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့ တနေရာတွင် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်လည်း ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဖားကန့်ပြည်သူများက သမ္မတရူး တရားမဝင် စစ်အာဏာသိမ်း ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်၏ မတရားဖမ်းဆီးခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုလှုပ်ရှားမှုတွင် ဖားကန့်ပြည်သူများက “Let’s continue fighting alongside Mother Suu” ၊ “အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ” ၊ “မတရား ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ၊ “ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွတ်” ၊ “ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်သည်အထိ ပြည်သူအားလုံးပါဝင်စို့”၊ “ တော်လှန်ရေးအင်အားစု အားလုံးစည်းစည်းလုံးလုံး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သည်အထိ ပူးပေါင်းတိုက်ပွဲဝင်ကြစို့” စသည့်စာသားများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။






