ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာမြို့နယ်နှင့် ရွှေဘို မြို့နယ်တို့တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မွေးနေ့ကိက်ခွဲခြင်း၊ ရေခဲမုန့်ကျွေးခြင်းနှင့် နှင်းဆီပန်းများဝေမျှခြင်းများကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လှုပ်ရှားမှုများကို ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ဒေသပြည်သူများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။






