ရန်ကုန်၊ ဇွန် ၁၉
လောင်းလုံးမြို့နယ်၊ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ပုသိမ် မြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုလှုပ်ရှားမှုများကို လောင်းလုံးမြို့နယ် ပကဖ ၊ ပအဖ ၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်ပညာရေးအဖွဲ့နှင့် ပုသိမ်ခရိုင်အမှတ် ၁ တပ်ရင်းတို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။






