ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုများကို ရွှေဘိုမြို့နယ် သပိတ်အင်အားစု၊ ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၅မှ ရဲဘော်များ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ရဲဘော်များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။






