27 C
Yangon

ရန်ကုန်၊ ပဲခူး၊ မွန်နှင့်ရခိုင်ပြည်နယ်တို့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သံဃာတော် ၇ ပါး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ နေအိမ်၊ အဆောက်အအုံ အလုံး၂၀၀ ကျော်ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လေပြင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် သံဃာ ၇ ပါး ထိခိုက်ဒဏ်ရာရရှိကာဘုန်းကြီ ကျောင်း၊ နေအိမ်၊ အဆောက်အုံ အလုံး ၂၀၀ ကျော်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ထံမှ သိရသည်။

ဇူလိုင်လ ၅ ရက် ည ၇ နာရီ ၃၀ မိနစ်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်တွင် လေဆင်နှာ မောင်းတိုက်ခတ်မှုကြောင့် သံဃာ ၇ ပါးထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာပြင်းထန်သူ ၂ ပါဝင်ကြောင်း၊ နေအိမ် ၉၂ လုံး၊ ဘုန် းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့ပြီး အနည်းငယ်ပျက်စီးသည့်နေအိမ် ၈၂ လုံးရှိ ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၅ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ပိန်းတောကြီးကျေးရွာတွင် လေ ဆင် နှာမောင်း တိုက်ခိုက်ခဲ့ရာ နေအိမ် ၄၅ လုံးခန့် လုံးဝပျက်စီးခဲ့ကြောင်း၊ ထိုသို့ နေအိမ်များပျက်စီး မှုကြောင့် ပြည် သူ ၂၀၀ ခန့် နေထိုင်ရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက် ည ၈ နာရီခွဲခန့်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းတွင် လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၃၀ ခန့်ပျက်စီးခဲ့ကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မယ်ရကုန်းကျေး ရွာအုပ်စု၊ သိုက်ကုန်းကျေးရွာတွင်လည်း လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်၄ လုံး အမိုးလန်ပြီး ပြို လဲပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၄ နာရီခန့်က မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ဘုရားကုန်းကျေးရွာ တွင် လေပြင်းတိုက်ခတ်ခဲ့ရာ သစ်ပင်လဲခြင်း၊ နေအိမ်အမိုးများလန်းခြင်းတို့ဖြစ်ပွားခဲ့ပြီး ညောင်ပင် ဆိပ်ဘုရားကုန်းကျေးရွာတွင် လေပြင်းတိုက်ခိုက်ခတ်ကာ သစ်ပင်လဲခြင်း၊ အမိုးလန်ခြင်းများဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အပျက်အစီးများကို ဒေသ နေပြည်သူများ၊ လူမှုကူညီရေးအဖွဲ့များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့က ရှင်းလင်းလျက်ရှိပြီး အ ကူအညီလိုအပ်နေသူအများအပြားရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article