35 C
Yangon

ကျောမြို့ရှိ ပုထိုးလုံ ဓါတ်အားပေးစက်ရုံမှ ဝန်ထမ်း ၂၃ ဦးကို YDF က ခံဝန်ကတိဖြင့် ပြန်လွှတ်ပေး၊ ကျောက်ကပ်ရောဂါဖြစ်နေသော အင်ဂျင်နီယာမှူး ဦးမင်းအောင်ကို ဆေးကုသပေးပြီး လိုအပ်သည်များ စစ်ဆေးနေ

Must read

ရန်ကုန်၊ ဩဂုတ် ၂

မကွေးတိုင်း၊ ကျောမြို့ရှိ စစ်တပ်လက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး Non CDM ဝန်ထမ်း ၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၃ ဦးကို ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကာ MOGE အင်ဂျင်နီယာမှူး ဦးမင်းအောင်ကို ဆေးကုသပေးနေပြီး စစ်ဆေးနေကြောင်း YDF ထံမှ သိရှိရသည်။

‘ဦးမင်းအောင် ခံစားနေရသော ကျောက်ကပ်ဝေဒနာအတွက် လိုအပ်သည့် ဆေးဝါးထောက်ပံ့မှုများဖြင့် ပြုစုစောင့်ရှောက်ပေးနေသလို ဦးမင်းအောင် ကျူးလွန်ခဲ့သော် ပြစ်မှုများအတွက် စစ်ဆေးမေးမြန်းပြီး လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေသည်’ဟု YDF က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အလုပ်ရုံကို YDF တပ်ရင်း ၁၂ က ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ် ၁ လက်နှင့် ကား ၄ စီးကို သိမ်းဆည်းရမိကာ Non CDM ဝန်ထမ်း ၂၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ – ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ အင်ဂျင်နီယာမှူး ဦးမင်းအောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article