ရန်ကုန်၊ ဩဂုတ် ၂
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့အခြေပြုကျောင်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာများအတွက် ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ ဩဂုတ်လ ၂ ရက်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလပညာသင်ကြားရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နယ်မြေများတွင် ပြည်သူ့အခြေပြုကျောင်းများ ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေခြင်းဖြစ်သည်။



