မြောက်ဒဂုံ ၄၂ ရပ်ကွက်ရုံးကို YFA က ဗုံးခွဲတိုက်ခိုက်၊ လှိုင်သာယာ ၆ ရပ် ကွက်တွင် စစ်တပ်က ဧည့်စာရင်းစစ်ရင်း ရမ်းကားပြီး လူငယ်တချို့ကို ဖမ်းဆီး
ရန်ကုန်၊ ဩဂုတ် ၁၁
ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ် သခင်အုန်းဖေကြီးလမ်းမပေါ်ရှိ ၄၂ ရပ် ကွက် အုပ်ချုပ်ရေးရုံးကို ပြည်သူများထံမှ မတရား ဧည့်စာရင်း ငွေကြေး ကောက်ခံနေသဖြင့် ဩဂုတ်လ ၁၀ ရက်နေ့တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Federal Army-YFAက ပြောသည်။
ယမန်နေ့ ဩဂုတ်လ ၁၀ရက် နေ့လည် ၃နာရီအချိန် ၄၂ ရပ်ကွက်ရုံးကို မတရားငွေးကြေးကောက်ခံနေသည်ဆိုသော ပြည်သူများ၏ တိုင်ကြားချက်အရ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲတိုက်ခိုက်မှု စစ်ဆင် ရေး သည် “နန်းထိုက်အောင် စစ်ဆင်ရေး”၏ တစိတ်တပိုင်းဖြစ်ပြီး YFA အနေ ဖြင့် စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း Yangon Federal Army-YFAက သတင်းထုတ်ပြန်သည်။
ထို့ပြင် လှိုင်သာယာတွင် ယနေ့ ည ဗုံးပေါက်ကွဲပြီးနောက် လှိုင်သာယာ အမှတ် ၆ ရပ်ကွက်တွင် စစ်ကား ၃ စီးဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သောင်းကျန်းရမ်းကား ဖမ်းဆီးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
“အမှတ်၆ရပ်ကွက်ထဲ စစ်ကား၃စီးနဲ့ခွေးနောက်လိုက် တော်တော်များများ လည်းပါတယ်။ အခုဝင်ဖမ်းတာပါ။ ဘယ်သူ့ကို ဝင်ဖမ်းတာလည်းလို့တော့ မသိဘူး။ အော်ဟစ်သောင်းကျန်း ဆဲဆိုပြီး ဝင်ဖမ်းတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- မြောက်ဒဂုံ ၄၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး။