29 C
Yangon

မင်းအောင်လှိုင်ကို “ဂုဏ်သရေရှိ ဝန်ကြီးချုပ်” ဟု အမည်တပ် စာပေးပို့သည့် အဖွဲ့ ၁၂ ခုကို အရပ်ဘက် အဖွဲ့ ၃၈၆ ခုက ကန့်ကွက်၊ မြန်မာပြည်သူများကို တောင်းပန်ရန် တောင်းဆို

Must read

————————————————————

စာပေးပို့သူ HRW အဖွဲ့က မင်းအောင်လှိုင်ကို အသိအမှတ်မပြုဘဲ စာမှားယွင်းပေးပို့မှု အဖြစ်တောင်းပန်၊ အဖွဲ့ ၁၁ ဖွဲ့၏ သဘောထားမပါဘဲ စာပေးပို့ခဲ့ဟု ဝန်ခံပြီး စာပေးပို့မှုကို ပြန်လည်ရုပ်သိမ်းဟုကြေညာ

ရန်ကုန်၊ ဩဂုတ် ၁၃

ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှု ဆိုင်ရာ ညီလာခံမတိုင်မီ ကလေးတိုင်း အရည်အသွေးမြင့် ပညာရေး သင်ကြားနိုင်ရေး အသိအမှတ်ပြုကြရန် နှိုးဆော်ထားသည့် စာတစ်စောင်ကို နိုင်ငံတကာအဖွဲ့ ၁၂ ခုက နိုင်ငံတကာအစိုးရများထံ ပေးပို့ရာတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂုဏ်သရေရှိ ဝန်ကြီးချုပ်ဟု အမည်တပ်မှုအပေါ် အရပ်ဘက်အဖွဲ့ ၃၈၆ ဖွဲ့က ကန့်ကွက်ကာ မြန်မာပြည်သူများကို တောင်းပန်ရန် တောင်းဆိုလိုက်သည်။

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က အကြမ်းဖက် လူသတ် မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်ဟုသုံးနှုန်းလိပ်မူ၍​ရေး​​သောစာကို ပြည်တွင်းပြည်ပနှင့်နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၃၈၆ ဖွဲ့က ကန့်ကွက်ကြောင်း ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းတွင် စာထုတ်ပြန်လိုက်ပြီး ယင်းစာတွင် မြန်မာပြည်သူများကို ပြန်လည်တောင်းပန်ရန် တောင်းဆိုထားသည်။

Amnesty International ၊ Avaaz ၊Campaña Latinoamericana por el Derecho a la Educación ၊ Defense for Children International၊ Global Campaign for Education၊ Human Rights Watch၊ KidsRights၊ Malala Fund

Plan International၊ Save the Children၊ World Organization for Early Childhood Education (OMEP)

World Vision International စသည့် နိုင်ငံတကာ အဖွဲ့ ၁၂ ခုက မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်ဟု အမည်တပ်၍ စာပေးပို့ခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းပြည်ပ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၃၈၆ ဖွဲ့က လူမဆန်သော တရားမဝင်အာဏာသိမ်းမှုမှတဆင့် မြန်မာစစ်တပ်၏ အာဏာသိမ်းရန်ကြိုးစားမှုကို ဘ၀များစတေးခံခုခံနေသော မြန်မာပြည်သူလူထုကို စော်ကားလိုက်ခြင်း ဖြစ်ပြီး စစ်ကောင်စီသည် တရားဝင်အစိုးရမဟုတ်သကဲ့သို့ အစိုးရ၏ အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း၊ ပြည်သူလူထုက အသိအမှတ်ပြု အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံသို့သာ လိပ်မူပေးပို့သင့်ကြောင်း၊ မြန်မာပြည်သူများကို တောင်းပန်ရန် တောင်းဆိုထားသည်။

စာကို ဦးဆောင်ပေးပို့ခဲ့သည့် HRW-Human Right Watch အဖွဲ့ကြီးက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတကာအစိုးရ ၁၉၃ ခုကို စာပေးပို့ခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ပါ စီမံခန့်ခွဲမှုက မှားယွင်းပေးမိကြောင်း ၊ စာမှားယွင်းပေးပို့မှုတွင် အခြားအဖွဲ့ ၁၁ ခု၏ သဘောထားမပါဝင်ဘဲ ပေးပို့မိကြောင်း၊ ယင်းအတွက် တောင်းပန်ပါကြောင်းနှင့်စာကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာသည်။

ဓာတ်ပုံ- HRW အဖွဲ့၏ တောင်းပန်စာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article