35 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -အာဏာလုအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံကို ဝန်ကြီးချုပ်လို့သုံးနှုန်းလိပ်မူပြီး နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က ရေးတဲ့စာအပေါ် အရပ်ဘက်အဖွဲ့အစည်း ၃၈၆ ဖွဲ့က ညတွင်းချင်း ကန့်ကွက်စာ ထုတ်ပြန်ကာ မြန်မာပြည်သူလူထုကို တောင်းပန်ဖို့ တောင်းဆိုလိုက်ပါတယ်။ – ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လ၀ရုံးပစ်ခတ်ခံရမှုမှာ ဒဏ်ရာရရှိတဲ့ လ၀ကဦးစီးအရာရှိ ဝင်းနိုင်ထွေး သေသွားပြီလို့ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့ STA Special Task Agency of Burma(STA) မှ တာဝန်ရှိသူက ပြောပါတယ်။ – တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တန့်ဆည်PDF ပူးပေါင်းအဖွဲ့တို ဩဂုတ်လ၈ရက် ကနေ ၁၁ရက်အတွင်း တိုက်ပွဲ၄ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်း သေသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။ – စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်စံပြကျေးရွာကို အကြမ်းဖက်စစ်တပ်က ၂ ရက်ဆက်တိုက် ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီး ရွာကို မီးရှို့ဖျက်ဆီးနေတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article