29 C
Yangon

သင်္ဃန်းကျွန်း လ၀ကရုံးပစ်ခတ်မှုတွင် မြို့ပြပျောက်ကျားရဲဘော်ကို ဖမ်းဆီးရန် ဝင်လုံးခဲ့သည့် လ၀ကမှူး ကျော်မိုးကို တနင်္ဂနွေနေ့ ရေဝေးတွင် သဂြိုလ်မည်

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လ၀ကရုံးပစ်ခတ်မှုတွင် မြို့ပြပျောက်ကျား ရဲဘော် များကို ဖမ်းဆီးရန် ဝင်လုံးခဲ့သည့် လ၀ကမှူး ကျော်မိုးကို ဩဂုတ်လ ၁၄ ရက်နေ့ တနင်္ဂနွေနေ့ ရေဝေးသုဿာန်တွင် မွန်းလွဲ ၁ နာရီတွင် သဂြိုလ်မည်ဖြစ် ကြောင်း မိသားစု၏ နာရေး ကြော်ငြာချက် အရ သိရှိရသည်။

ယနေ့ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် လ၀ကမှူး ကျော်မိုး၏ နာရေး ကြော်ငြာကို ဖော်ပြထားပြီး သေဆုံးချိန်တွင် လ၀က ခရိုင်ဦးစီးအရာရှိ ဇနီးနှင့် သားတစ်ဦး ကျန်ရစ်ကြောင်း၊ သေဆုံးချိန်တွင် အသက် ၅၁ နှစ်ရှိနေပြီဖြစ်ကြောင်း ကြေညာထားသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် သင်္ဃန်းကျွန်း လ၀ကရုံးတွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး မြို့ပြပျောက်ကျားရဲဘော်များက သင်္ဃန်းကျွန်းမြို့နယ် လ၀က ဦးစီးမှူး ဝင်းနိုင်ထွေးကို ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ဒုဦးစီးမှူး ကျော်မိုးက မြို့ပြပျောက်ကျားရဲဘော်ကို ဖမ်းဆီးရန် ကြိုးစားရာမှ ပစ်ခတ်ခံရပြီး သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကို STA-Special Task Agency of Burma(STA) က ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article