ရန်ကုန်၊ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကျေးရွာတစ်ရွာတွင် အရာတော်မြို့နယ် လူ ထု သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်၍ “ပြည်သူလူထုမှ တခြားအား ကိုးစရာမရှိ” စာတန်းကိုင်ဆွဲကာ “ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်သူနေရဲလဲ”၊ “အားလုံးစုစည်းနေရင်ဘာမှ မဖြစ်” စသည့် ကြွေးကြော်သံဖြင့် အရာတော်မြို့နယ်ကျေးရွာလူထုသပိတ်စစ်ကြောင်းက ယနေ့ ချီတက်ကြသည်။