27 C
Yangon

ရခိုင်ပြည်နယ်၊ နေရာ ၃ ခုတွင် AAနှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ် ၊ စစ်ကောင်စီ တပ်သား ၃၀ ထက်မနည်း သေဆုံးပြီး အရှင်ဖမ်းမိသူ ၆ ဦးထက်မနည်းရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

ယနေ့ သြဂုတ် ၁၃ ရက်နေ့တွင် ရခိုင်ပြည် မောင်တောမြောက်ပိုင်း၊ တောင်ပိုင်း၊ ရသေ့တောင်မြို့နယ်ဖက်တို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဖက်က အကျအရှုံး အများအပြားရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရက္ခိုင့်တပ်တော် AA က ပြောသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ ယနေ့ မနက်ပိုင်းနှင့် ညနေပိုင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများတွင် မြန်မာစစ်တပ်ဖက်က အကျရှုံးရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ထံသို့ ယနေ့ ညပိုင်းတွင်ပြောသည်။

“တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ မြန်မာစစ်တပ်ဖက်ကထိခိုက်ကျရှုံးမှုတွေရှိတယ်။ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်း ရမိတာတွေရှိတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယနေ့ဖြစ်ပွားခဲ့သည့် နေရာ ၃ နေရာတွင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦး ဖမ်းဆီးခံရပြီး ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းအမြစ်၏ ပြောဆိုချက်အရ သိရသည်။

အခြားသတင်းရင်းမြစ်များကမူ စစ်ကောင်စီဘက်မှ ၃၀ ထက်မနည်း ယနေ့တိုက်ပွဲများတွင် သေဆုံးကြောင်း ပြောဆိုကြသည်။

ယနေ့နံနက်ပိုင်းအချိန်ခန့် ရသေ့တောင် ချိန်ခါလီနှင့် ဒုံးပိုက်ကျေးရွာကြားတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအနီးမှ ကျေးရွားသားများမှာ နီးစပ်ရာ ကျေးရွာများသို့တိမ်းရှောင်နေကြရသည်။

မွန်းလွဲပိုင်းအချိန်ခန့်တွင် ရသေ့တောင်ဘက်မှအပြန် ကျောက်ပန္ဒူအလွန်၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုရှိခဲ့ပြီး ခရီးသည်တင်ကားများ သွားလာ၍မရဘဲ ယာယီရပ်နားနေခဲ့ကြရကြောင်း အဆိုပါလမ်းကြောင်းသို့ရောက်နေသည့်ကားသမားတစ်ဦးကပြောသည်။

“ချိန်ခါလီမှာ တိုက်ပွဲဖြစ်တာကြောင့် ရှေ့ဆက်သွားမရဘဲ ကိုးတန်ကောက်ကနေ ပြန်လှည့်လာကြရတာ။ ထပ်ပြီး ကျောက်ပန္ဒူအလွန်ကားလမ်းဖက်မှာ တိုက်ပွဲဖြစ်နေလို့သွားမရဘဲ ရွာမှာနားနေခဲ့ရသေးတယ်။ အခုတော့ပြန်ထွက်လာပါပြီ” ဟုပြောသည်။

ယင်းအပြင် မောင်တောမြောက်ပိုင်း ဝေလာတောက်ဖက်တွင်လည်း နှစ်ဖက်ပစ်ခတ်သံများနှင့် လက်နက်ကြီးပစ်သံများကို မွန်းလွဲ ၁၀ နာရီကျော်ခန့်မှ နေ့လည်ပိုင်းအချိန်ထိ ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း မင်းခမောင်းကျေးရွာဒေသခံတစ်ဦးကပြောသည်။

“ကြားတာကတော့ ၁၀ နာရီကျော်လောက်ကတည်းကစပစ်နေကြတာကြားတယ်။ လက်နက်ငယ်အသံတွေကတော့ မိုးရွာနေလို့သိပ်မကြားရဘူး။ လက်နက်ကြီးတွေတော့တော်တော်ပစ်ကြတယ်။ နေ့လည်ပိုင်းအချိန်ထိ ပစ်သံတွေကြားနေခဲ့ရတယ်” ဟုပြောသည်။

မောင်တောမြောက်ပိုင်း ဝေလာတောင်ဖက်တွင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းများရှိပြီး ရက္ခိုင့်တပ်တော်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားတတ်သည့်နေရာတစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်တချို့။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article