30 C
Yangon

ချင်းကာကွယ်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် သေဆုံးပြီးနောက် စစ်တပ်က အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးစခန်း ၊ဟိုင်မွလ်ကျေးရွာကို ရမ်းကားမီးရှို့နေ

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိမြို့နယ်ခွဲနှင့် တီးတိန်မြို့နယ် အနီးရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးစခန်း၊ ဟိုင်မွလ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ရမ်းကား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“စစ်တပ်က ချင်းပြည်နယ် ကုန်သွယ်ရေးစခန်း ဟိုင်မွလ်ကျေးရွာကို အခု မီးရှို့နေပါတယ်။ ဖလမ်းနဲ့ တီးတိန်မြို့နယ်အစပ် ဟိုင်မွလ်ကျေးရွာပါ။ တိုက်ပွဲမဖြစ်ဘူး။ ဟိုနေ့က ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရမ်းကားတာ။ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးစခန်း” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်း၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် သည် ဒရုန်းဖြင့် ဗုံးကျဲ ခံရသဖြင့် ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းအပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်များက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယခုမီးလောင်နေသော အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးစခန်း၊ ဟိုင်မွလ်ကျေးရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article