30 C
Yangon

ဟိုပင်မှ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နှင့်ဖားကန့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နှင့် ဖားကန့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်တွင် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် မိုးညှင်းခရိုင် ဟိုပင်မြို့ လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးကျော် သည် ဖားကန့်သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်နှင့်အတူ ခရီးသွားစဉ် မြစ်ကြီးနား ၂၁ မိုင်ဂိတ်ကို ဖြတ်ကျော်စဉ် စစ်တပ်၏ ဖမ်းဆီးမှုကို ခံရခြင်းဖြစ်ကြောင်း၊ လူကိုသိ၍ ဖမ်းဆီးခြင်းမဟုတ်ဘဲ NUG ဘွန်းစာရွက်များကို စစ်ဆေးတွေ့ရှိရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကိုမျိုးကျော်တို့အဖမ်းခံရတာက လူကိုသိ၍ ဖမ်းခံရခြင်းမဟုတ်ဘဲ NUG ဘွန်းစာရွက်တွေမိ ဖမ်းခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။ မနက် ၁၀ နာရီက အဖမ်းခံရတာ။ သူနဲ့အတူ အဖမ်းခံရတာက ကိုစိုင်းမောင်ပါ ဖားကန့်သပိတ်ခေါင်း ဆောင်။ လူမသိ သူမသိဘဲ လက်စဖျောက်ပစ်မှာ စိုးရိမ်ရပါတယ်” ဟု လွှတ် တော် ကိုယ်စားလှယ် ဦးမျိုးကျော်၏ မိတ်ဆွေတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နှင့် ကိုစိုင်းမောင်တို့ကို မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ကို မသိရှိရဘဲ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ဖမ်းဆီးခံရချိန်တွင် နှစ်ဦးစလုံးကျန်းမာရေး ကောင်း မွန်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဟိုပင်မြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article