ရန်ကုန်၊ ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ယနေ့ ဩဂုတ် ၁၉ ရက်နေ့မှ စတင်ကာ NLD လွှတ်တော်ကိုယ်စား လှယ် များနှင့် ပါတီဝန်းရံသူအချို့၏ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီမှ ချိတ်ပိတ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
နေအိမ် ချိတ်ပိတ်ခံရသူများထဲတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေနိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးတို့၏ နေအိမ်များချိတ်ပိတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
ထို့ပြင် ပြည်သူများထဲမှာ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် NLD ဝန်းရံခဲ့သူ ကိုကျော်ခိုင်ဝင်း ၊ ကြယ်စင်စတိုးနှင့် ဇော်(မိုဘိုင်း)ဖုန်းအရောင်းဆိုင်တို့ကိုပါ ချိတ်ပိတ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။