25 C
Yangon

မြ၀တီတွင် ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် မြ၀တီမြို့လုံခြုံရေး စစ်တပ်နှင့် BGF က တင်းကျပ်ပြီး လမ်းတချို့ပိတ်ဆို့စစ်ဆေး၊ တမူးမြို့နယ်နှင့်ခရိုင်တရားရုံးတွင်လည်း ဗုံးပေါက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဗုံးနှစ်ပေါက်ကွဲပြီးနောက် မြ၀တီမြို့ကို စစ်တပ်နှင့်BGF က လုံခြုံရေးတင်းကျပ်ထားပြီး လမ်းတချို့ကိုလည်း ပိတ်ဆို့ထားကြောင်း မြ၀တီဒေသခံများက ပြောသည်။

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဧရာ၀တီဓာတ်ဆီဆိုင်အနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာမှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဧရာဝတိဆီဆိုင်နားမှာ မနက်က ဗုံးပေါက်ကွဲသံ အသံကြီး ၂ ချက်ကြားရတယ်။ ပြီးတော့ ဂိတ်မှာ စစ်တပ်နဲ့ BGF တွေ နေရာယူတယ်။ ဂိတ်က ရဲဘော်တွေနေရာယူထားတာပါ။ မြဝတီ UK ဂိတ်နားမှာ နေရာယူကြတာ။ ဗုံးသံက ပထမ တချက်ပြီးနောက် ၅ မိနစ်မှာ နောက်တချက်ကြားရတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် BGF က မြ၀တီမြို့ လုံခြုံရေးကို တင်းကျပ်ထားပြီး မြ၀တီ-လေးကေ့ကော်လမ်း၊ အခြားမြ၀တီမြို့သို့ အဝင်အထွက် လမ်း များကို လုံခြုံရေးတင်းတင်းကျပ်ကျပ်ချကာ စစ်ဆေးမှုများ လုပ်ဆောင်နေ သည်ဟု သိရှိရသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စန္ဒကူးရပ်ကွက်၊ အလောင်းဘုရားလမ်းပေါ်ရှိ မြို့နယ်၊ ခရိုင် တရားရုံးရှေ့တွင် ဒီကနေ့ သြဂုတ်လ ၂၀ ရက် ညနေ ၅နာရီ ၅၄ မိနစ် ဝန်း ကျင်ခန့်တွင်ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ် Zalen ထံမှ သိရှိရသည်။

“ဗုံးပေါက်တာမှန်တယ်။ အခု အဲဒီတရားရုံးဘက်ကို သွားတဲ့နားမှာ စစ်သားတွေ လာစစ်တယ်။ ပြီးတော့ ပြန်သွားတယ်။ ကင်းပုန်းတွေတော့ မြို့ပေါ်မှာ များတယ်။ ကျနော်တို့တွေလည်း တထိတ်ထိတ်နဲ့နေရတာပဲ” ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှု ကြောင့် လူထိခိုက်မှုမရှိဘဲ အပျက်အစီးမရှိဟု သိရှိရသည်။

ဓာတ်ပုံ- မြ၀တီ၊ ဧရာ၀တီဆီဆိုင်အနီးတွင် ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ် ဝန်းကျင် ဗုံး ၂ လုံးပေါက်ကွဲပြီးနောက် BGF နှင့်စစ်သားများ ရုတ်ရုတ်သဲသဲဖြစ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article