20 C
Yangon

လူမျိုးတုန်းသတ်ဖြတ်မှု တရားခံ မြန်မာစစ်တပ်၏ ဝင်ငွေရလမ်း MOG ကို စီးပွားရေးပိတ်ဆို့ရန် ပြည်တွင်းပြည်ပအဖွဲ့ပေါင်း ၅၀၉ ဖွဲ့က ပြည်သူ့လက်မှတ်ပေါင်း ၂၆၅၀၀၀ ဖြင့် အမေရိကန်သမ္မတထံ စာပေးပို့

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

အကြမ်းဖက်စစ်တပ်၏ ဝင်ငွေရလမ်း MOG ကို စီးပွားရေးပိတ်ဆို့ရန် ပြည် တွင်းပြည်ပအဖွဲ့ပေါင်း ၅၀၉ ဖွဲ့က ပြည်သူ့လက်မှတ်ပေါင်း ၂၆၅၀၀၀ ဖြင့် အမေရိကန်သမ္မတဘိုင်ဒင်နှင့်အစိုးရအဖွဲ့ထံသို့ ယနေ့ စာပေးပို့လိုက်ကြသည်။

အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြားဝင်ငွေရရှိရာ အသက်သွေးကြောဖြစ်သည့် MOGE ကို Sanction ချမှတ်ပေးရန် မေရိကန်သမ္မတ Biden နှင့် အစိုးရအဖွဲ့ထံသို့ တိုက်ရိုက်အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုရာတွင် ဂျီနိုဆိုက်ကျူးလွန်သူ အကြမ်းဖက်စစ်အုပ်စုက အမေရိကန်နိုင်ငံ၏ ဘဏ်စနစ်များကို အသုံးပြု၍ ပြည်သူလူထုကို သတ်ဖြတ်မည့်ငွေကြေးများစီးဝင်နေသည့် ဘဏ်များ လည်ပတ်နေသည်ကို ရပ်ကြည့်မနေဘဲ ချက်ချင်း ပိတ်ဆို့အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန် သမ္မတ နှင့် အစိုးရအဖွဲ့တို့ထံ စာပေးပို့ရာတွင် နိုင်ငံတကာအရပ်ဖက်ဖွဲ့အစည်း၊ ကျောင်းသားနှင့်အလုပ် သမားအဖွဲ့အစည်း ၅၀၉ ဖွဲ့နှင့် မြန်မာပြည်သူ ၂၆၅,၀၀၀ တို့၏ လက်မှတ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဂျိုးဘိုင်ဒင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article