23 C
Yangon

ကန့်ဘလူ-ကောလင်းအစပ်တွင် ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထား

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်းမြို့နယ်အစပ်တွင် ယမန်နေ့က တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး စစ်တိုက်လေယာဉ်များက ညသန်းခေါင်ယံအချိန် ဗုံးကျဲပြီးနောက် ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်းသေဆုံးပြီး အရာရှိ ၃ ဦး အဖမ်းခံရခြင်း၊ လက်နက်များ သိမ်းဆည်းရမိခြင်းတို့ကြောင့် ယမန်နေ့ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာ ပတ် ဝန်းကျင် ဗုံးကျဲချကြောင်း၊ ယင်းနောက် ဖုန်းလိုင်းများ ပြတ်တောက်သွားကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူနယ်က ချမ်းသာလက်ခုပ်ပင်ကကျွန်းလှနဲ့ပိုနီးပါတယ်။ အင်တာနက်လိုင်းတွေအရင်ကတည်းကဖြတ်တောက်ခံထားရပြီး တိုက်ပွဲဖြစ်ပွားတဲ့အချိန်တွေမှာဆိုဖုန်းလိုင်းတွေပါပြတ်တောက်ပါတယ်။ လက်ခုပ်ပင်နဲ့အောင်ချမ်းသာတစ်ဝိုက်ကို မနေ့ညက ဗုံးကျဲအပြီးမှာဖုန်းလိုင်းတွေပါပြတ်တောက်နေပါတယ်။ အဲ့ဒီနယ်တွေဟာ အရင်ကတည်းက အင်တာနက် ဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းတစ်ခုတည်း ရပါတယ်။ စစ်တပ်က ထိုးစစ်ဆင်ပြီဆိုရင်ဖုန်းလိုင်းပါဖြတ်တောက်ခံရလေ့ရှိပါတယ်။ အခုလည်း ဖိုက်တာဂျက်တွေဗုံးကျဲအပြီးမှာဖုန်းလိုင်းဖြတ်တောက်ခံထားရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကန့်ဘလူခရိုင် တပ်ရင်း ၂ မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရောင်နီကလည်း ယမန်နေ့ တိုက်ပွဲဖြစ်ပွားသော ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း မြို့နယ် ၃ ခု အစပ်နေရာတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်မှာ မှန်ကန်သည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ကန့်ဘလူနှင့်ကောလင်းဘက်သို့ စစ်ကြောင်းများကို ရဟတ်ယာဉ်များဖြင့် သွားရောက်ချထား ပြီး စစ်အင်အားတိုးချဲ့လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင်နေကြရသည့် ပြည်သူများ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article