27.4 C
Yangon

မြိတ်မြို့တွင် ရာအိမ်မှူးသန်းဦး၊ ကလေးမြို့နယ်တွင် ယာဉ်ထိန်းရဲ အောင်မြင့်မော်၊ ဖျာပုံမှ ထွေ/အုပ်ရုံးစာရေး ထွေ/အုပ်စာရေး မနှင်းဝေခိုင်နှင့် သူငယ်ချင်း မနိုးနိုးဝေ တို့ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စစ်‌ကောင်စီခန့် ကန်ကြီးရပ်ကွက်ရာအိမ်မှူး သန်းဦး ကို ဩဂုတ်လ ၂၃ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်အချိန် ကလွင်ကျေးရွာအုပ်စု၊ ကမ်းသာယာရွာ၊ MFDကုမ္ပဏီအနီးတွင် မြိတ်ခရိုင်တပ်ရင်း ၂ က ပစ်ခတ်ရှင်းလင်းကြောင်း အဆိုပါတပ်ရင်းထံမှ သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ကန်ကြီးရာအိမ်မှူးသန်းဦးကို မြိတ်ခရိုင် တပ်ရင်း(၂)နှင့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်ရှင်းလင်းခြင်းဖြစ်ကြောင်း တရားဝင် အသိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို၊သဇင်ရပ်ကွက်၊ ယာဉ်ထိန်းရဲတပ်စုရုံးရှေ့တွင် ဩဂုတ်လ ၂၄ ရက် နံနက် ၇ နာရီကယာဉ်ထိန်းရဲတပ်သားအောင်မြင့်မောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ယာဉ်ထိန်းရဲ ရုံးရှေ့လမ်းတစ်ဘက်ခြမ်းရှိ ကောင်းဆက်သွေးဆိုင်မှ မုန့်ဝယ်ပြီးပြန်အထွက်တွင် ရဲတပ်သား အောင်မြင့်မော်ကို ဗိုလ်ချုပ် လမ်းအတိုင်းမောင်းလာသောကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှာ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ ​နေ့လည် ၂ နာ ရီ ၁၀ မိနစ်အချိန်က စစ်ကောင်စီ သတင်းပေးနှင့် ထွေ/အုပ်ရုံး ဝန်ထမ်း စာရေးမ အမျိုးသမီး ၂ ဦး ပစ်ခတ်ခံရကြောင်း၊ သေဆုံးသွားသူ ၂ ဦးသည် ဖျာပုံမြို့၊ အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး ထွေ/အုပ်စာရေး မနှင်းဝေခိုင်နှင့် သူငယ် ချင်းဖြစ်သူ မနိုးနိုးဝေတို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရှင်းလင်းမှုကို Black Dragon Force Pyapon က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ သတိပေးမှု အကြိမ်ကြိမ်ပြုလုပ် ခဲ့ကြောင်း၊ မလိုက်နာသဖြင့် ရှင်းလင်းခြင်းဖြစ်ကြောင်း တရားဝင် သတင်းဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မြိတ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော စစ်ကောင်စီလက်အောက်ခံ ကန်ကြီးရာအိမ်မှူးသန်းဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article