ရန်ကုန်၊ ဩဂုတ် ၂၄
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ၊ KIA တပ်မဟာ ၈ နယ်မြေကို ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးကျဲချသွားကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီ ၂ မိနစ်အချိန်တွင် မန္တလေးတိုင်း၊ တံတားဦးမှ တိုက်လေယာဉ် ၂ စင်းတက်သွားပြီး ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ကချင် ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ် မိုးညှင်းခရိုင်အတွင်းရှိ KIA တပ်မဟာ ၈ နယ်မြေအတွင်းသို့ ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီည ၁၀ နာရီ ၃၀ မိနစ်အချိန် KIA တပ်မဟာ ၈ နယ်မြေထဲ YAK130 အမျိုးအစား တိုက်လေယာဉ်ဗုံး လာကျဲချနေပြီ။ နန့်စီးအောင် မော်ဟန် မော်လူး စစ်ကိုင်းတိုင်းအစပ်။ ဒါတွေက KIA တပ်ရင်း ၃၅ နယ်မြေတွေေ။ ခရိုင်က မိုးညှင်းခရိုင်ထဲမှာပါတယ်။ ကျဲချတာက ဗုံးတော့ ၉ လုံးလောက်ရှိပြီ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။
ဩဂုတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကောလင်းအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဗုံးကျဲချသဖြင့် ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ပြည်သူ ၄ ဦး ပွဲချင်းပြီး သေ ဆုံးခဲ့ရသည်။