28 C
Yangon

မင်းအောင်လှိုင် သားသမီး ခင်သီရိသက်မွန် နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီ ၂ ခုအပါအဝင် လုပ်ငန်း ၃ ခု ကို ဗြိတိန် က ဒဏ်ခတ် ပိတ်ဆို့၊ ICJ တွင် မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသည့် ဂမ်ဘီယာဘက်မှ ဗြိတိန်က ပူးပေါင်း

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားသမီးများဖြစ်ကြသည့် ခင်သီရိသက်မွန်နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီ ၂ ခု အပါအဝင် စစ်တပ်နှင့်ဆက်နွယ်နေသော ကုမ္ပဏီ ၃ ခုကို ဗြိတိန်က စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ ကြောင်း ကြေညာသည်။

မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့်ဆက်နွယ်နေသော Star Sapphire Group of Companies ၊ မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံပိုင် Sky One ဆောက်လုပ်ရေးကုမ္ပဏီ၊ International Gateways Group of Companies Limited (IGG) တို့ကို စစ်တပ်နှင့် ဆက်နွယ်နေခြင်းတို့ကြောင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂတရားရုံးICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု ဖြင့် တရားစွဲထားမှုကို ဗြိတိန်နိုင်ငံက ထပ်တိုးပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

ဗြိတိန်အစိုးရ အာရှရေးရာဝန်ကြီး Amanda Milling က ” လွတ်လပ်မှုနှင့် ဒီမိုကရေစီတန်ဖိုးများကို ချိုးနှိမ်ဖျက်ဆီးဖို့ ကြိုးစားသူတွေကို ဗြိတိန်က အမြဲတမ်းရင်ဆိုင်သွားမှာပါ။ ၅ နှစ်အတွင်း ရိုဟင်ဂျာလူမျိုးတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်ပြီး မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ်ရာ လူမျိုးတုံးသတ်ဖြတ်မှုကို ရှုတ်ချပါတယ်” ဟု ပြောဆိုသည်။

ဓာတ်ပုံ- မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်နှင့်သား အောင်ပြည့်စုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article