26 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၅ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်မှာ ဩဂုတ်လ ၂၂ ရက်နေ့ က ဇီးဖြူကုန်ကျေးရွာအုပ်ချုပ်ရေးမှူး အပါ အဝင် ရယက ၆ ဦး ပစ်ခတ်ခံရပြီး ၊ နောက်ဆက်တွဲအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ တွေ နဲ့ လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးနေတာဟာ အယောက် ၅၀ ကျော် ရှိနေပြီလို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ -မန္တလေးတိုင်း၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သဖန်းကျေးရွာက ကိုစစ်ငြိမ်းကို ဩဂုတ်လ ၂၂ ရက် နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်လိုက်တဲ့အပြင် ၊ မီသားစုကို အလောင်းလာယူခိုင်းတယ်လို့ ကိုစစ်ငြိမ်းရဲ့ မိတ်ဆွေတွေဆီကနေ သိရပါတယ်။ – ရန်ကုန်မှာ လူငယ်များသမဂ္ဂဗဟို (Youths Union Centre) နဲ့ Labour Alliance အဖွဲ့ဝင် CTUM တို့က တော်လှန်လူငယ်တွေ ဦးဆောင်ပြီး ၊ ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ၅/ ၊ ၈/ ၊ ၉/ ပါတဲ့ တီရှပ်တွေကို ဝတ်ဆင်ပြီး ၊ ဖိနှိပ်ခံနေရတဲ့ ၅/ ၊ ၈/ ၊ ၉/ ကိုင်ဆောင်ထားတဲ့ အလုပ်သမားထု၊ ပြည်သူလူထု နဲ့ အတူ ရပ်တည်ကြောင်း ချီတက် ဆန္ဒပြခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article