33 C
Yangon

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး ဗုံးဖြင့် တိုက်ခိုက်ခံရမှု ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ၊ သာကေတ EPC ရုံး၊ ဒဂုံဆိပ်ကမ်းနှင့် သင်္ဃန်းကျွန်းတို့တွင်လည်း ယနေ့ည ဗုံးများ ဆက်တိုက်ပေါက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးကို ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်း ဗုံးဖြင့် တိုက်ခိုက်ခံရမှုတွင် ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း နေပြည်ဖောင်းဒိုင်းအဖွဲ့၏ တာဝန်ခံ ကိုပခက ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့ ည ၈ နာရီအချိန် နေပြည်တော်ဖောင်းဒိုင်းအဖွဲ့သည် စဥ့်ကိုင် LPDF နှင့် အခြားအမည်မဖော်ပြလိုသော အဖွဲ့အစည်းတစ်ခု၏ ထောက်ပံ့မှုဖြင့် ခုနှစ်ကြိမ်မြောက် မစ်ရှင်အဖြစ် နေပြည်တော် ဒက္ခိဏခရိုင် မတရားရုံးရှိ စစ်သားနှင့်ရဲများ စောင့်နေသော ဂိတ်ကို လက်ပစ်ဗုံးလေးလုံးဖြင့် တစ်လုံးပြီးတစ်လုံး အဆင့်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် အစောင့်တစ်ယောက် ထိခိုက်လဲကျသွားသည်ကို UG ရဲဘော် ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း၊ နောက်ဆက်တွဲသတင်းများအရ လဲကျသွားသော အစောင့်သည် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ပြီး အခြားအစောင့်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသောကြောင့် လူနာတင်ကားများဖြစ်လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် အနီးကပ်ပစ်ခတ်တိုက်ခတ်ခြင်းဖြစ်သောကြောင့် လက်ပစ်ဗုံးစတစ်ခုသည် UG ရဲဘော်၏ ပေါင်ကိုပင် ပြန်လည်ထိမှန်ခဲ့ကြောင်း၊ နေ့ခင်းဘက်တွင် မစ်ရှင်ပြုလုပ်လျှင်ရသော်လည်း အပြစ်မဲ့ပြည်သူများထိခိုက်မည်စိုးသောကြောင့် အန္တရာယ်များသော ညအချိန်ကိုသာရွေးချယ်ပြုလုပ်ခဲ့ကြော်ငး၊ ဒဏ်ရာရရှိလာသော သူရဲကောင်း UG ရဲဘော်၏ လွတ်မြောက်ရေးအတွက် သတင်းထုတ်ပြန်မှု နောက်နှေးခဲ့ရကြောင်း၊ လက်ရှိတွင် UG ရဲဘော်သည် လုံခြုံသောနေရာတစ်ခုတွင် ရရှိလာသော ဒဏ်ရာကို ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်လည်း ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး သာကေတမြို့နယ် EPC ရုံးတွင် ယနေ့ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲကြောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်း ယနေ့ည ၈ နာရီကျော်အချိန် ဗုံးများ ပေါက်ကွဲကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article