32 C
Yangon

မိုးကုတ်မြို့နယ်၊ ဂွေ့ပင်နှင့် လောင်စင်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီကားအတွင်း PDF များက ဗုံးပစ်သွင်းတိုက်ခိုက်ရာ အရာရှိများအပါအဝင် ၇ ဦးသေဆုံး၊ ဆက်လက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဂွေ့ပင်ကျေးရွာနှင့် လောင်စင်ကျေးရွာကြားတွင် ဩဂုတ်လ ၃၀ ရက် ယနေ့နံနက် ၈ နာရီဝန်းကျင်၌ အကြမ်းဖက်စစ်ကားပေါ်သို့ မိုးကုတ်အခြေပြု PDF များက ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ရာ ၃ ပွင့် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ဂွေ့ပင်နှင့် လောင်းစင်ကျေးရွာကြားတွင် မိုးကုတ်အခြေပြု PDF တပ်ရင်း ၁၂၂၂ က မိုင်းခွဲရန် စောင့်နေစဉ် အင်အား ၂၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့သည် Starx အမျိုးအစား ကားဖြင့်လာစဉ် အဆိုပါ ကားအတွင်းသို့ ဗုံးပစ်တိုက်ခိုက်ရာ ၃ ပွင့်ဗိုလ်ကြီး ၁ ဦးနှင့် အရာရှိ ၁ ဦး နေရာတွင် သေဆုံးပြီး တပ်ရင်းမှူးမှာ ဒဏ်ရာရကြောင်း Red Wolves of Mogok ထံမှ သိရှိရသည်။

ယင်းနောက် မိုးကုတ်အခြေပြု PDF တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်တပ်၏ အင်အား ၆၀ ခန့်ပါသော စစ်ကြောင်းကြား ၁ နာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း၊ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း၊ PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် သေဆုံးသွားသော ၃ ပွင့်ဗိုလ်ကြီးနှင့် အရာရှိ ၁ ဦးကို မီးသဂြိုလ်သလို အခြား တပ်သား ၅ ဦးကို မြေမြှုပ်သွားကြောင်း ဒဏ်ရာရ စစ်သား ၁၄ ဦးကို မိုးကုတ်ဆေးရုံသို့ လူနာတင်ကား ၆ စီးဖြင့် ၃ ခေါက် ပို့ဆောင်ခဲ့ကြောင်း Red Wolves of Mogok အဖွဲ့က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – မိုးကုတ်အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article