29 C
Yangon

ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဂျပန်နိုင်ငံ အနှံ့အပြားမှာ ချီတက်ကြရန် စီစဉ်

Must read

ရန်ကုန်| ဩဂုတ် ၃၀

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်ပြီး ခန့်ထားဖို့ ထောက်ခံကြောင်း ဂျပန်ရောက် မြန်မာတွေက ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ချီတက်ကြဖို့ စီစဉ်နေကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကမ္ဘာ့ကုလသမဂ္ဂက သက်တမ်းတိုးပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုကို လာမယ့် စက်တင်ဘာလ (၁၁) ရက်မှာ ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်သွားမယ်လို့ ဂျပန် မြန်မာကိုယ်စားလှယ်ရုံးက အသိပေးပါတယ်။

ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားဖို့ အသံကျယ်ကျယ်လောင်လောင် ဆန္ဒပြုမှုနဲ့ တွန်းအားပေးဖို့ အထူးလိုအပ်နေတဲ့အတွက် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ထောက်ခံကြောင်း ချီတက်ကြဖို့ တိုကျိုတွင်မှာတော့ နှစ်ကြိမ်ခွဲပြီး ပြုလုပ်သွားမှာဖြစ်ပြီး စက်တင်ဘာ ၉ ရက် သောကြာနေ့မှာ UN University ရှေ့၌ စာပေးရန် ပြုလုပ််သွားမှာဖြစ်ပြီး၊ စက်တင်ဘာ ၁၁ ရက် တနင်္ဂနွေနေ့မှာတော့ UNရှေ့ကိုဖြတ်ပြီး ချီတက်လမ်းလျောက်မယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ အသိပေးပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article