29 C
Yangon

ရန်ကုန်၊ အင်းစိန် CID ရဲရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ရွှေဘိုတွင် စစ်တပ် ယာဥ်တန်းတို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ရန်ကုန် အင်းစိန်မြို့နယ် ဗဟိုလမ်း မီးရထားသံလမ်းဘေးရှိ CID ရဲရုံးကို ယမန်နေ့ညပိုင်းတွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း War Of Hunter Revolution Force – WOH အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ည ၉ နာရီခန့်တွင် အင်းစိန် CID ရုံးကို War Of Hunter Revolution Force – WOH အဖွဲ့က ဝေးထိန်းဗုံး ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သူ ရှိမရှိကို အတည်မပြုနိုင်သေး​ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

အင်းစိန်ဒေသခံတစ်ဦးကမူ ယမန်နေ့ည ၉ နာရီအချိန်တွင် ပေါက်ကွဲသံ အလွန် ကျယ်လောင်စွာ ကြားရကြောင်း၊ မည်သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိဟုဆိုသည။

အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တက်တူရွာ တောင်ဘက်တွင် စစ်တပ် သတင်းပေး ရုပ်အလောင်းကို လာသယ်သည့် စစ်ကောင်စီ တပ်ဖွဲ့များကို စက်တင်ဘာလ ၂ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Shwe Bo Defense Force – SBDF အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် စစ်ကား ၁ စီး၊ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး Shwe Bo Defense Force – SBDF စခန်း ၁ မိုင်းအဖွဲ့နှင့် မဟာမိတ် ၁ ဖွဲ့က ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်တန်း ရှေ့ဆုံးမှ ဆိုင်ကယ်ကို ထိမှန်ခဲ့ကာ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းသည် SBDF မိုင်းအဖွဲ့များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားမှုများ ရှိသောကြောင့် ပြည်သူများ အနေဖြင့် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်း မပြုလုပ်ရန်၊ ကားများကိုလည်း မှန်ချမောင်းနှင်ကြရန်နှင့် စစ်ကားများနှင့် ဝေးဝေးနေကြရန် SBDF အဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရန်ကုန်အင်းစိန်ရှိ CID ရုံး။

Photo- RFA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article