30 C
Yangon

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ပြည်သူ ၃ ထောင်ကျော် ညအချိန် ထွက်ပြေးနေရပြီး ၁၃ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ညအချိန် ဝင်ရောက် စီးနင်းမှုများ လုပ်ဆောင်နေပြီး ကျေးရွာ ၉ ရွာမှ ပြည်သူ ၃ ထောင်ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် နဘတ်ရွာကို စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ဘူးကိုင်းရွာထဲသို့ ရောက်ရှိနေ​ကာ လက်ရှိချိန်တွင် ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲ၊ ဆင်မင်း၊ မယ်မသော်၊ သောင်ကြီး၊ နဘက်ရွာမှ ပြည်သူ ၁၃၀၀ ခန့်နှင့် အနီးဝန်းကျင်ရွာများမှ ပြည်သူများသည် ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းကလည်း မြစ်သာနှင့် ငါးရံ့အိုရွာမှ ပြည်သူ အမျိုးသား ၁၅ ယောက်ကို ဖမ်းဆီးသွားပြီး ပစ္စည်းထမ်းပိုး ခိုင်းကာ ၎င်းတို့ စစ်ကြောင်း ထိုးရာ ကျေးရွာများကို ခေါ်ဆောင်သွားကြောင်း သိရသည်။

” စစ်ရှောင်နေရတဲ့ ပြည်သူက လူပေါင်း ၃၀၀၀ကျော် လောက်ရှိတယ်။ စစ် ကြောင်းက ၂ ကြောင်း အပြိုင်လာတာ တောင်ခြမ်းနဲ့ အနောက်မြောက်အခြမ်းကနေပြီး ၂ ခြမ်းလုံးကို တပြိုင်တည်း စစ်ကြောင်းချီနေတာ အရင်က နေ့ခင်းတွေပဲ အခုက ညတွေမှာပါ သူတို့ ရွာကူးတာတွေ လုပ်တော့ အနီးဆုံးရွာတွေက ညတွင်းချင်းပြေးကြရတယ်။ အခု စစ်ခွေးတွေ ဘူးကိုင်းရွာထဲကို ရောက်နေတယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article