ရန်ကုန်၊ စက်တင်ဘာ ၅
မန္တလေးတိုင်း၊ မိတ္တီလာမြို့ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း(မိထ္တီလာ) ၊ စစ်ဦးစီးဌာနမှ တပ်ကြပ်ကြီး စာရေး အမျိုးသမီးစစ်မှုထမ်းကို ရည်းစားဖြစ်သူတပ်ကြပ်ကြီး စာရေး အမျိုးသားက သေနတ်ဖြင့် ဦးခေါင်းတေ့၍ ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
“တပ်ကြပ်ကြီးစာရေး အမျိုးသမီးက မိထ္တီလာ တက္ကသိုလ်မှာ ခွင့်နဲ့ ကျောင်းတက် နေချိန် သူ့ရည်းစားဖြစ်တဲ့ အမျိုး သားက သေနတ်နဲ့ ဦးခေါင်းကို တေ့ပြီး ပစ်လို့ ဆုံးသွားတာပါ။ ပစ်တဲ့သူကလည်း စစ်ဦးစီးဌာနက တပ်ကြပ်ကြီးစာရေးဖြစ်ပါတယ်။ ပစ်တဲ့သူက မြို့တွင်းလုံခြုံရေးတာဝန်ကျ အရာရှိဆီက ပစ္စတို ငှားလာပြီး သူ့ရည်စားကို ပစ်သတ်တာပါ။ တပ်ကြပ်ကြီးစာရေးပါပဲ။ ပစ်တဲ့ အမျိုး သားကလည်း။ သူကလည်း သူ့ ကိုယ်သူ ပြန်ပြီးအဆုံးစီရင်သွားပါတယ်။ ဌာန ချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က ဒီကိစ္စကိုဖုံးဖို့ကြိုးစားနေပါတယ်။ ဒီမနက်ပိုင်းမှာ ဖြစ်ပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
ဒေသခံများကမူ မိတ္တီလာမြို့၊ မန်ကျည်းကုန်း စကိတ်ကွင်းရှေ့တွင် စစ်မှုထမ်း တက္ကသိုလ် ကျောင်းသူတစ်ဦး ပစ်သတ်ခံရမှု မှန်ကန်ကြောင်း အတည်ပြုပြောဆိုကြသည်။
“Smile အဆောင်နား သမီးရည်းစားချင်း စကားများရာကနေ ပစ်ခတ်တာ။ ကောင် လေးက ကောင်မလေး ကိုပစ်တယ်။ ကောင်မလေးသေတော့ ကောင်လေးကပါ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ကြားတယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။
လတ်တလော ၎င်းတို့ နှစ်ဦး၏ နာမည်နှင့်အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။
