ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရန်ကုန်တွင် စစ်အာဏာရှင် အာဏာသိမ်းမှု ၁ နှစ်ပြည့်ကို ဆန့်ကျင်သော ဆေးနီသပိတ် ပက်ဖျန်းပြီး ချီတက် သပိတ်မှောက်မှုကို ယနေ့ နံနက်ပိုင်းတွင် GSC လူငယ်သပိတ်ကော်မတီများက ဆောင်ရွက်ကြသည်။
စစ်အာဏာသိမ်းတနှစ်ပြည့်တွင် GSC တွင်ပါဝင်သည့် ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီနှင့် သမဂ္ဂများ သပိတ်ကော်မတီများ အဖွဲ့အစည်းများ ပူးပေါင်းပြီး “နီတဲ့သွေးရဲရင့်လို့ ရန်သူမင်းရှေ့ကိုချီတက်ခဲ့ပြီ” ဆိုသည့် ပိုစတာကိုင်ဆွဲကာ ပျောက်ကျား သပိတ်ပြုလုပ်သည်။
ပျောက်ကျားသပိတ်တွင် “နီတဲ့သွေးရက်သတ္တပတ်လှုပ်ရှားမှု” အဖြစ် ဆေးနီများပက်ဖြန်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်နီများကျဲချကြသည်။