26 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအခြေစိုက် တပ်မတော်တန်းမြှင့် လေ့ကျင့်ရေး- ကျောင်းကနေ ပြန်လာတဲ့ ဒုအရာခံဗိုလ် အပါအဝင် စစ်ကောင်စီတပ်သား ၈ ဦးကို KNLA နဲ့ တောင်ညို- စစ်ကြောင်းပူးပေါင်း အဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရ ပါတယ်။ -မန္တလေးတိုင်း၊ မိတ္တီလာမြို့က လေကြောင်းအတတ်သင် ၊ (မိထ္တီလာ) လေတပ်စခန်း ၊ စစ်ဦးစီးဌာန က တပ်ကြပ်ကြီး – စာရေး အမျိုးသမီး စစ်မှုထမ်းကို ၊ ရည်းစားဖြစ်သူ- တပ်ကြပ်ကြီး စာရေး အမျိုးသား ကနေ သေနတ်နဲ့ ဦးခေါင်းကို တေ့ပြီး ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ -ပြည်သူ့တော်လှန်ရေး တပ်မတော် People revolution army (PRA) ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ဂျပန် ရဲ့ မိဘနှစ်ဦးက သားဖြစ်သူ လုပ်ကိုင်နေတဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ အသုံးပြုနိုင် ဖို့အတွက် မင်္ဂလာဦး လက်ဝတ်-ရတနာတွေကို လှူဒါန်းကြောင်း ဗိုလ်ဂျပန်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – မကွေးတိုင်း နဲ့ မန္တလေးတိုင်းအစပ်၊ ပခုက္ကူဧရာဝတီမြစ်ကူး တံတားမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ- ဂိတ်ကို စက်တင်ဘာလ ၄ ရက် နေ့လယ်ပိုင်းမှာ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ၂ က အမျိုးသမီး ရဲဘော်တစ်ဦး အပါ အဝင် ပြောက်ကျားရဲဘော် ၃ ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ဆီကနေ သေနတ် ၂ လက်ကိုပါ သိမ်းဆည်း နိုင်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article