25.5 C
Yangon

မြန်မာနိုင်ငံရှိ Ooredoo ဆက်သွယ်ရေးလုပ်ငန်းကို မြန်မာစီးပွားရေးသမား ဦးမျိုးမြင့်အုန်းပိုင် စင်ကာပူ TOMV ကုမ္ပဏီသို့ ရောင်းချရန် စီစဉ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) က ဆက်သွယ်ရေးလုပ်ငန်းများကို မြန်မာစီးပွား ရေးသမား ဦးမျိုးမြင့်အုန်းပိုင် စင်ကာပူ The One Matrix Ventures (TOMV) ကုမ္ပဏီထံ သို့ ရောင်းချရန် စီစဉ်နေကြောင်း ရိုက်တာက သတင်းဖော်ပြသည်။

Ooredoo သည် ယမန်နှစ် စစ်တပ်က အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေသော နိုင်ငံခြားကုမ္ပဏီဖြစ်ပြီး နော်ဝေနိုင်ငံမှ တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီ သည် ယခုနှစ် မတ်လတွင် နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

လက်ရှိတွင် အော်ရီဒူး၏ လုပ်ငန်းများကို လွှဲပြောင်းရယူရန် စင်ကာပူ TOMV က မြန်မာနိုင်ငံတွင်းမှ မိတ်ဖက်ပါတာနာ ဖြစ်လာနိုင်သည့် ကုမ္ပဏီများနှင့် စကားပြောလျက်ရှိပြီး စစ်ကောင်စီ၏ အတည်ပြုချက်ရရှိရန်လည်း ကြိုးပမ်း နေသည်ဟု သိရှိရသည်။

TOMV ပိုင်ရှင် ဦးမျိုးမြင့်အုန်းသည် စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီ Campana Group ကိုလည်း ပိုင်ဆိုင်သည်။

ဒိုဟာအခြေစိုက် Ooredoo က ဆက်သွယ်ရေးလုပ်ငန်းကို ဦးမျိုးမြင့်အုန်းထံ ရောင်းချရန် စစ်ကောင်စီ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD)ထံ အကြောင်းကြားခဲ့သော်လည်း တရားဝင်ခွင့်ပြုချက်မတောင်းခံသေးကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

လက်ရှိအချိန်တွင် Ooredoo ကို ရောင်းချမည့် ငွေကြးပမာဏကို မသိရှိရသေးကြောင်း၊ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက် ထောက် အမြဲတမ်း အတွင်းဝန်လည်းဖြစ်၊ PTD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးကျော်စိုးက Ooredoo ရောင်းချမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းမရရှိသေးဟု ရိုက်တာသတင်းက ဆိုသည်။

ဓာတ်ပုံ- Ooredoo ကို လွှဲပြောင်း ဝယ်ယူမည်ဟု ရိုက်တာက သတင်းဖော်ပြထားသည့် TOMV နှင့် Campana Group ကုမ္ပဏီပိုင်ရှင် ဦးမျိုးမြင့်အုန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article