By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ကနီနယ် ကျေးရွာ နှစ်ရွာက စိတ် ကျန်းမာရေးမကောင်းသူ တစ်ဦး အပါအဝင်ဒေသခံအမျိုးသမီး ၇ ဦးကို အုပ်စုလိုက် အဓမ္မ ပြုကျင့် ခဲကြတယ်လို့ ကနီဒေသ တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ- အုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ၊ BGF ပူးပေါင်းတပ်ဖွဲ့ နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကြား ၊ ဩဂုတ်လတစ်လ အတွင်း တိုက်ပွဲပေါင်း ၁၁၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မူတြော် သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။ – ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း- တံတားထိပ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင် စီတပ်ရဲ့ စစ်ဆေးရေး- ဂိတ်ကို စက်တင်ဘာလ ၄ ရက်နေ့ နေ့ယ်ပိုင်းမှာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။