23 C
Yangon

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၆ လုံးပြာကျ

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့က ဝင်ရောက် မီးရှို့ ဖျက်ဆီးသဖြင့် ပြည်သူပိုင်နေအိမ် ၂၆ လုံးပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပန်းညိုကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ သို့ စက် တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အင်အား ၁၀၀ ကျော်ဖြင့် ရောက်ရှိလာပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးကြောင်း၊ ဆိုင်ကယ်များ ၊ လူနေအိမ်များနှင့် ကျေးရွာပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၂၆ လုံး ပြာကျသွားကြောင်း သိရှိရသည်။

“ရွာမှာ ရွာဘုံ ပစ္စည်းတွေထားတဲ့ ရွာဘုံဝိုင်းကြီးကိုပါ မီးရှို့သွားတာ။ အိမ်ခြေ စုစုပေါင်း ၂၆ လုံး။ ရွာဘုံဝိုင်းတစ်ဝိုင်း၊ ရွာကို မီးရှို့ခံလိုက်ရတာ။ သူတို့မလာခင် မနေ့ မနက် ၈နာရီလောက်ကတည်းကပြည်သူတွေကို အပြင်ရှောင်ခိုင်း ထားတော့ ဘေးကင်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီး မီးရှို့ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article