ရန်ကုန်၊ စက်တင်ဘာ ၆
အမျိုးသမီးများ ဦးဆောင်သော ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“ဒီကနေ့ဟာဆိုရင် အမျိုးသမီးမဟာမိတ် ဖွဲ့စည်းတည်ထောင်တာ ၁ နှစ်ပြည့်ခဲ့ပါသည်။ ဒီတော်လှန်ရေးမှာ အမျိုးသားတွေတင်မကဘဲ အမျိုးသမီးများပါ ပါဝင်တော်လှန်နေလျှက်ရှိပါတယ်။ CDM,လူထုသပိတ်, လက်နက်ကိုင်လမ်းစဥ် စသည့်တော်လှန်ရေး ကဏ္ဍတွေမှာလည်း အမျိုးသမီးတွေပါဝင်လျှက်ရှိပါတယ်။ ဒီတိုက်ပွဲက အမျိုးသမီးတွေမပါရင် လုံးဝလုံးဝ မအောင်နိုင်ပါဘူး” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ဟောပြောခဲ့သည်။
Photos – AungKhantZaw