23 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်နှင့် BGF ဘက်မှ ၁၃ ဦးသေဆုံး၊ KNU ဘက်မှ ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

ကရင်ပြည်နယ် မူတြော်ခရိုင်အတွင်း စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်၊ BGF ပူးပေါင်းအဖွဲ့နှင့် ကော်သူးလေ တပ်မဟာ ၅ တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်နှင့် BGF ဘက်မှ ၁၃ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော်သတင်းစဥ်ထံမှ သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဒွယ်လိုးမြို့နယ်အတွင်း လာရောက် လှုပ်ရှားနေသည့် BGF တပ်ဖွဲ့ကို ကော်သူးလေတပ်မတော် အမှတ် ၅ တပ်မဟာ လက်အောက်ခံ တပ်ရင်း ၁၀၂ တပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်ခဲ့ပြီး BGF ဘက်မှ တပ်ခွဲမှူး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ကော်သူးလေ တပ်မတော်ဘက်မှ ၁ ဦးကျဆုံးကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီ ၂၈ မိနစ်တွင် လူသောမြို့နယ် ခေါ့ဒေးဝါမီလူ ဒေသအတွင်း ဝင်ရောက် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်ကို ကော်သူးလေ တပ်မတော် အမှတ် ၅ တပ်မဟာ တပ်ဖွဲ့ဝင်များက ခြုံခို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်တင်ဘာလ ၂ ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ MA-1 ၁ လက်၊ MA-2 ၂ လက်၊ MA-3 ၂ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ ခွင်းဗုံး ၁၅ လုံး၊ RPG-7 ကျည်ဆံ ၁ လုံး၊ စကားပြောစက် ၃ လုံးနှင့် K-3 ကျည် ၁၁၃၂ တောင့်တို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များသည် မူတြော်ခရိုင် အမှတ် ၅ တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေး လှုပ်ရှားမှုများ တိုးချဲ့ လုပ်ဆောင်နေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဥ် လုပ်ဆောင်လျက်ရှိကြောင်း KNU- မူတြော် သတင်းစဥ်မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကော်သူးလေတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article