26 C
Yangon

ထားဝယ်-ထီးခီးလမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဆာကဆောတပ်မဟာ PDF ပူးပေါင်းဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်များ ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီး ကားလမ်းတစ်နေရာတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၃ နှင့် ဗိုလ်အယ်ခွီး ဦးဆောင်သော ဆာကဆောတပ်မဟာ၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား စက်တင်ဘာလ ၆ ရက် ယမန်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကြောင်း PDF သတင်းရင်းမြစ်များက ပြောဆိုပြီး အကြမ်းဖက်စစ်တပ် ခလရ ၂၇၃ တပ်ဖွဲ့များကိုင်ဆောင်သော ပစ္စတို သေနတ် ၁ လက်၊ MA အမျိုးအစား သေနတ် ၄ လက်နှင့် ခဲယမ်းများကို PDF ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

ခလရ ၂၇၃ သည် ကံပေါက်အခြေစိုက်ဖြစ်ပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည်။

အဆိုပါ ထားဝယ်-ထီးခီးကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင့် ဆာကဆောတပ်မဟာနှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက အဆိုပါ လမ်းပိုင်းကို တစ်လပိတ်ထားပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီကြား အသုံးမပြုရန် ပြည်သူများကို အသိပေးထုတ်ပြန်ထားသည်။

ဓါတ်ပုံ – သိမ်းဆည်းရမိသော အကြမ်းဖက်စစ်သားများ၏ လက်နက်ခဲယမ်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article