24 C
Yangon

စစ်ကိုင်း၊ မကွေးနှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက် ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံး၊ လက်နက် ၁ လက် သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း အတွင်းရှိ တန့်ဆည်၊ အရာတော်၊ မြောင်မြို့နယ်၊ မကွေးတိုင်းရှိ ရေစကြိုမြို့နယ်နှင့် ကရင်နီပြည်နယ်တို့ တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း၊ ယာဥ်တန်းနှင့် ပျူစောထီးအဖွဲ့များ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

တန့်ဆည်၊ ပျူစောထီးခေါင်းဆောင်နေအိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းဆုံ(တ)ရွာအနီးရှိ ပျူစောထီး ခေါင်း ဆောင် စိန်ချို၏ နေအိမ်ကို စက်တင် ဘာ လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီး နေအိမ်ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများ ထိခိုက် သေဆုံးမှု ရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

မုံရွာ-အရာတော် လမ်းတွင် စစ်ယာဥ်တန်း မိုင်းဆွဲ ခံရပြီး ၃ ဦးထက်မနည်း သေ

စစ်ကိုင်းတိုင်း မုံရွာ-အရာတော် လမ်းပိုင်းတွင်စက်တင်ဘာလ ၅ ရက်နေ့၌ အကြမ်း ဖက် စစ်တပ် ယာဥ်တန်းများ ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက် ခံရပြီး စစ် သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မုံရွာ-အရာတော် လမ်းပိုင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ် အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကား ၁ စီးကို ရွာထုံရွာနှင့် ထနောင်းဝင်းရွာ အကြား၌ အသင့် စောင့်ဆိုင်းနေသော ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၉ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ထိခိုက်ပျက်စီးသွားကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီ ၂၈ မိနစ် ခန့်တွင် အရာတော်မှ မုံရွာသို့ ထွက်ရှိလာသည့် စစ်ကား ၁ စီးကို တုံးတင်ကန်ရွာနှင့် ဆူးလေကုန်းရွာ အကြားတွင် ပဒေသာမိုင်း ၄ လုံးဖြင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ် သား ၃ ဦးခန့်သေဆုံးကာ ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်ခန့်တွင် အရာတော်မှ မုံရွာသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် သံချပ်ကာစစ်ကား ၂ စီးကို ဝါးတန်းရွာနှင့် ထူးရာရသေ့ကျောင်း အကြား ကြံတိုင်းအောင် ဇရပ် အနီးတွင် ဒေသခံ ကာကွယ် ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး သံချပ်ကာ ကား ၁ စီး ပျက်စီးကြောင်း၊ အနီး အနား တွင် ရပ်ထားခဲ့ပြီး ည ၇ နာရီခန့်တွင် အင်အားတိုးချဲ့ကာ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုများကို မိုင်းမင်းသား မြေအောက် ပြောက်ကျားတပ်ဖွဲ့၊ Danger force LPDF၊ Ayadaw. Bone Naing pdf၊ AMT မြေပြင်ပျောက်ကျားတပ် ဖွဲ့၊ PRF ပြောက် ကျားတပ်ဖွဲ့၊ Ayadaw. FaLcon Force AF2၊ ရောင် ပြန် ပြောက်ကျားတပ်ဖွဲ့၊ ပတ္တာမြား ညီနောင်ပြောက်ကျားတပ်ဖွဲ့တို့နှင့်အတူ အရာတော် ပကဖ တို့က ပူး ပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ် ကျောက်ရစ် ရဲစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို စက် တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိ ခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ ကျောက်ရစ်ရဲစခန်းကို မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁၊ မြင်းခြံ ခရိုင်တပ်ရင်း အမှတ် (၃) ၊ Natogyi Regional Defense Force- တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြို၊ ဇီးတောရွာတွင် တပ်စွဲထားသော စစ်တပ် တိုက်ခိုက်ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတော ပျူစောထီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို စက်တင်ဘာလ ၆ ရက်နေ့ ည ၇ နာရီခန့်တွင် ရေစကြို ပကဖ အဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် မသိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသအတွင်း စစ် ကြောင်း ၄ ကြောင်းဖြင့် အကြမ်းဖက် ထိုးစစ်ဆင် တိုက်ခိုက်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်မှ ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ်၊ သနပ်ကုန်းရွာကို စစ်ကြောင်း ထိုးလာသော စစ်တပ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရွာမှ သနပ်ကုန်း ရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပဒေ သာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၆ ရက်နေ့တွင် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ရစ်မှ သနပ်ကုန်းသို့ အင်အား ၄၀ ခန့်ဖြင့် စစ် ကြောင်းထိုးလာစဥ် သနပ်ကုန်းရွာနှင့် ကျောက်ရစ်ရွာ အကြားရှိ ထန်းတော စပ်တွင် ပဒေသာမိုင်း ၆ လုံးတွဲ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၆ ဦးခန့် ထိမှန်ခဲ့ကာ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

အထက်ပါ တိုက်ခိုက်မှုကို CDSOM အဖွဲ့၏ Joker GZ၊ Young Fighters People Defense Force အဖွဲ့နှင့် နှလုံးလှလူမိုက်ကြီးအဖွဲ့ စသည့် ညီနောင် မဟာမိတ်အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဘော်လခဲမြို့နီးတွင် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

စက်တင်ဘာလ (၇)ရက်နေ့ နံနက် (၇း၅၀) နာရီအချိန် ကရင်နီပြည်နယ်၊ ဘောလခဲမြို့ နှင့် ရွာသစ်မြို့အကြား လမ်းပေါ် ရှိ အကြမ်းဖက်စစ်ကောင်စီ ၁၂ မိုင်ကုန်းစခန်းအနီးတွင် ဝါးခုတ်ရန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KNDF B/21 နှင့် KA တို့ပူးပေါင်း၍ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ ၇ ဦးခန့်သည် KA ၊ KNDF B/21 တို့၏ အလစ်အငိုက် တိုက် ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ ၃ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ထိ ခိုက် ဒဏ်ရာရရှိ ခဲ့ပြီး ၎င်းတို့ကိုင်ဆောင်လာသည့် MA-3 အမျိုးအစား သေနတ် (၁) လက်နှင့် ကျည်အချို့အား သိမ်းဆည်းရမိခဲ့ကြောင်း KNDF သတင်းနှင့်ပြန် ကြားရေးက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ရေစကြိုတွင် တပ် ၆၆ သင်တန်းဆင်း စစ်သား ၁ ဦး ဖမ်းဆီးရမိပြီး သေဆုံး

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ တွင် တပ်မ(၆၆)သင်တန်းဆင်း တပ်သား အောင်ဇင်ဦး သည် ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာသို့ ခေတ္တပြန်လာစဥ် N-YSOပြောက်ကျားတပ်ဖွဲ့ ဖမ်းဆီး စစ်ဆေးမေးမြန်းရာ ခုခံသဖြင့် ရှင်းလိုက်ကြောင်း N-YSOပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article