ရန်ကုန်၊ စက်တင်ဘာ၁၁
မန္တလေးတိုင်း၊ မြင်းခြံတွင် ဆိုင်ကယ်စီးပြန်လာသည့် ဗိုလ်ကြီး အောင်ကိုကိုနှင့် တပ်သား ၁ ဦးကို ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ပစ္စတို ၁ လက် သိမ်းဆည်းရမိကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီ အချိန် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာ ကျေးရွာမှ အကြီးဆုံး စစ်ဗိုလ် နှင့်နောက်လိုက် ၁ ကောင် ဆိုင်ကယ်နှင့် ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှ အပြန် ဆီမီးခုံမြို့ နှင့် ကြည်ရွာကျေးရွာအကြား လမ်းတွင် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံး လဲကျသွားကြောင်း သိရှိရသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဗိုလ်ကြီးအောင်ကိုကို( သုံးပွင့်)က မသေ ဆုံးမီ ဒဏ်ရာများဖြင့် ၎င်းကို မသတ်ရန် အော်ဟစ် တောင်းပန်သွားခဲ့ကြောင်း၊ ယင်းနောက် သေဆုံးသွားကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၆) နောင်ရိုးအထူးပြောက် ကျားတပ်-NYSGF၊ မြင်းခြံခရိုင် တပ်ရင်း( ၂) MGN Tiger၊ ဇာမဏီပြောက်ကျား တပ်ဖွဲ့၊ တပ်ရင်း(၃)Scorpion၊ Bagan Nyoung Oo PDF မဟာမိတ် ညီ နောင်၅ ဖွဲ့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။