ရန်ကုန်၊စက်တင်ဘာ ၁၃
စစ်ဘေးရှောင်ပြည်သူများနှင့် မိမိတို့လှူဒါန်းထောက်ပံ့လိုသည့်နေရာများကို N-Wallet နှင့် N-Social Nework အသုံးပြုပြီး လုံခြုံစိတ်ချစွာလှူဒါန်းနိုင်ကြောင်း N-Wallet မှ တာဝန်ရှိသူ ကို Nစိုင်းအောင် ကပြောသည်။
N-Wallet အပ်ပလီကေးရှင်းကို စတင်တီထွင်စဉ်ကပင် မိမိ၏ ပိုင်ဆိုင်မှု ငွေများကို ထိန်းချုပ် ခံရခြင်း၊ ဆုံးရှုံး ခြင်း၊ မိမိငွေလွှဲပြောင်းမှုနှင့် လှူဒါန်းခြင်းကြောင့် စစ်ဆေးမေးမြန်းခံရခြင်းနှင့် အမှုအခင်း ဖြစ်ခြင်းများ ဖြစ်ပေါ်မှုမှ လွတ်ကင်းစေရန် တီထွင်ဖန်တီးခဲ့ခြင်းကြောင်း ကိုNစိုင်းအောင် ကပြောသည်။
N-Wallet အပ်ပလီကေးရှင်းက ယခုဆိုရင် သုံးစွဲသူ တစ်သောင်းနီးပါးရှိနေပြီး နေ့စဉ် သုံးစွဲ သူပေါင်း (Daily User) ရာကျော်လဲ ရှိနေခဲ့ကြောင်း MMK နှင့် USDT Exchange လုပ်ဆောင်ပေးနိုင်သူ များ (Agent) ရှိလာပြီဟု ၎င်းကဆိုသည်။
မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ပူးပေါင်းကာ ကချင်ဒေသရှိ စစ်ဘေးရှောင်များအတွက် N-Wallet အသုံးပြုပြီး လှူဒါန်းခြင်း၊ အလှူခံခြင်းများ လုပ်ဆောင်နိုင်ရန် ဦးစွာ စမ်းသပ် လုပ် ဆောင်ထားသည်ဟု ၎င်းကပြောသည်။
ယင်းအပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးရှိ အရေးပေါ်ဆေးခန်းနှင့် ဆေးဝါးပစ္စည်းများ ဖြည့်တင်း နိုင်ရန်လဲ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ စစ်ကိုင်းဘက်ရှိ စစ်ဘေးရှောင် နေရာများမှလည်း N-Wallet ဖြင့် စတင်အလှူခံခြင်းများ ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။
N-Wallet အသုံးပြုပြီး အလှူခံလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအနေဖြင့် N-Wallet တွင် Gmail ဖြင့် အကောင့်ဖွင့်ပြီး၊ မိမိ၏ အလှူခံမည့် မိမိ N-Wallet အကောင့်လိပ်စာကို မိမိအဆင်ပြေသည့် Social Media တွင် တင်ထားပြီး အလှူငွေများကို လက်ခံနိုင်ကြောင်း ကိုNစိုင်းအောင်ကပြောသည်။
N-Wallet ကို အသုံးပြုပြီး လှူဒါန်းလိုလျင် မိမိ၏ MMK ငွေသားကို USDT သို့ ပြောင်းလဲပြီး N-Wallet တွင် ထည့်ထားကာ လှူဒါန်းနိုင်သလိုN-Wallet က ထုတ်လုပ်ထားသော N-Games များကို ဆော့ရင်း N-Token ရရှိအောင် လုပ်ဆောင်ကာ ၎င်းရရှိလာသည့် N-Token ကို USDT သို့ ပြောင်းလဲပြီး ၎င်း USDT ကို လှူဒါန်းနိုင်ကြောင်း သိရသည်။
N-Wallet ကို အသုံးပြုပြီး ဒေါ်လာအခြေပြု USDT ငွေကြေးဖြင့် တစ်ဦးနှင့် တစ်ဦး လှူဒါန်းနိုင်ခြင်း၊ ငွေပေးချေခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်းများကို လုပ်ဆောင်နိုင်သည့်အပြင် N-Wallet သုံးစွဲသူများအတွက် ကိုယ်ပိုင် N-Social Network ကိုလည်း ထပ်တိုးလုပ်ဆောင်ရန် အစီအစဉ် ရှိသည်ဟု သိရသည်။
ထပ်မံသိရှိလိုသည်များကိုလည်း The N Project ၏ Facebook စာမျက်နှာမှာ စုံစမ်းမေးမြန်းနိုင်ကြောင်း ၎င်းကပြောသည်။