31 C
Yangon

မုံရွာတွင် ရဲတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိပြီး ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး၊ ဘုတလင်တွင် PDF ၅ ဦးကို စစ်တပ်က အလစ်အငိုက် ဝင်ပစ်သဖြင့် သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရဲတစ်ဦး ဖမ်းမိခဲ့ပြီး ခုခံထွက်ပြေးရန် ကြိုးစားဖြင့် လိုက်လံ ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် မုံရွာမြို့နယ်၊ ညောင်ချေထောက်ကျေးရွာထိပ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးကို မုံရွာမြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်များက ဖမ်းဆီး ရမိခဲ့ကြောင်း၊ အဆိုပါ ရဲထံမှ BA 63 သေနတ်တစ်လက်နှင့်အတူ ကျည်ဘောက် ၃ ခု၊ ကျည် ၁၁၉ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း၊ ထွက်ပြေးပြီး ခုခံရန်ကြိုးစားသဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှ အဆိုပါရဲ သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အပိုင် ပဲပစ်ကျေးရွာကု စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းပြီး PDF ထောက်ပို့ ၁ ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်သား ၄ ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီအချိန် ဘုတလင်မှ စစ်ကားတန်း လာသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အဆင်သင့်စောင့်နေစဉ် အနောက်ဘက်မှ တောတိုးလာသည့် စစ်ကြောင်းက ရွာအတွင်းသို့ ဝင်ပစ်သွားခြင်း ဖြစ်ကြောင်း၊ အလစ်အငိုက်တိုက်ခံရခြင်းဖြစ်သဖြင့် ပူးပေါင်းတပ်ဖွဲ့များက နံနက် ၅ နာရီလောက်တွင် ပြန်လည်ဆုတ်ခွာခဲ့ပြီး အကြမ်းဖက်စစ်တပ်က ပဲပစ်တော ရွာကို စီးနင်းထားခဲ့ကြောင်း သိရှိရသည်။

ပဲပစ်ကျေးရွာကို စီးနင်းထားစဉ် နေအိမ်နှစ်လုံးကို မီးရှိုံသွားပြီး၊ နွားတစ်ကောင်ကို သတ်သွားခဲ့ကြောင်း၊ နံနက်လင်းချိန်တွင် PDFပူးပေါင်းတပ်များက ပဲပစ်တောရွာကို ပြန်လည်ချီတက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က နောက်ပြန်ဆုတ်သွားပြီး ဘုတလင်မြို့ထဲ ပြန်ဝင်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုံရွာတွင် ဖမ်းဆီးခံရသော ရဲတစ်ဦးကို လက်နက်များနှင့်အတူ တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article