ရန်ကုန်၊ စက်တင်ဘာ ၁၃
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် ပင်တောင်ပျူစောထီးကျေးရွာမှ ဈေးဝယ်ထွက်လာသည့် ပျူစောထီး ၅ ဦးသည် ရိက္ခာများနှင့်အတူ ကျေးရွာသို့ ပြန်စဉ် PDF များက ဖမ်းဆီးရန် ကြိုးစားရာမှ ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၅ ဦးသေဆုံးကြောင်း SPGF တပ်ခွဲ-၁ ၏ တာဝန်ခံ ကိုပေသီးက ပြောသည်။
ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့ နယ်တောင်ပိုင်း ပင်တောင်ပျူစောထီးများ သည် ရိက္ခာပြတ်လပ်နေသည့် အတွက် ပေါက်မြို့ပေါ်ဈေးဝယ်သွားရာ် SPGF တပ်ခွဲ-၁ နှင့် National Defense Force-Pauk နှစ်ဖွဲ့ပေါင်းပြီး ဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် ခုခံပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၅ ဦး သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပျူစောခွေး ၅ ဦး သေပါတယ်။ ပင်တောင်ပျူစောထီး ၂ ဦး၊ ဝါးတောရွာ ပျူစောထီး ၂ ဦး၊ ကူးကားကျေးရွာ ပျူစောထီး ၁ ဦး စုစုပေါင်း ၅ ဦး သေပါတယ်။ ကျနော်တို့က အေးအေးဆေးဆေး ဖမ်းဖို့လုပ်တာ။ သူတို့က ပစ်တာ။ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပါတယ်။ လက်လုပ် ပစ္စတိုတစ်လက်နဲ့ 5.56 ကျည် အတောင့်20 သိမ်းဆည်းရရှိပါတယ်။ကျနော်တို့ လမ်းကြောတွေကို ဒီထပ်ပိုပြီး ထိန်းချုပ်သွားပါ့မယ်” ဟု SPGF တပ်ခွဲ-၁ ၏ တာဝန်ခံ ကိုပေသီးက ရှင်းပြသည်။
အလားတူ မွန်ပြည်နယ်ရေးမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဖိုးစီကို ရေးဘီလူးအဖွဲ့က ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ရေးမြို့လေယာဉ်ကွင်းအနီး သေနတ်ဖြင့် ပစ်ခတ်ခံရှင်းလင်းခဲ့ကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“သူ့အဖေ မောင်မြင့်ကလည်း အစင်ကျေးရွာရဲ့ ဒလန်အကြီးစားပဲ။ သူ့အဖေကလည်း အရှင်းခံခဲ့ပြီးပြီ။ သားဖြစ်တဲ့ ဖိုးစီကလည်း သူ့အဖေခြေရာအတိုင်း လိုက်တယ်။ အဲဒါကြောင့် ကျနော်တို့ ရှင်းလင်းလိုက်တာပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။